Mobile Development roadmap

Mobile Development roadmap

Mobile Developer ဆိုတာ native technologies ဒါမှာမဟုတ် hybrid, cross platform technologies တွေသုံးပြီးတော့ Android, iOS mobile application တွေရေးရတဲ့သူပေါ့။

ပထမဆုံး သူက native ဆိုရင် Android ဘက်မှာ Java, Kotlin နဲ.လုပ်လို.ရတယ် iOS ဘက်မှာ Swift, ObjectiveC ပေါ့။

ခုနောက်ပိုင်း Crossplatform technologies တွေပေါ်လာတယ် ဥပမာ ReactNative, Flutter ,Kotlin Multiplatrom လိုကောင်တွေ။ သူတို.ကို သုံးရင် codebase တခုတည်းနီးပါးနဲ. Android , iOS ၂ မျိုးလုံးရတော့ အလုပ်ရှင်တွေဘက်က စိတ်ဝင်စားတယ် ပေါ်ပြူလာဖြစ်လာတယ်ပေါ့။

၁ ပထမဆုံးကတော့ ထုံးစံအတိုင်း Programming Language ပေါ့ native ဆို Java, Kotlin, Objective C, Swift အစရှိတာတွေသိရမယ်။ Cross platform development ဆိုရင် React Native ဆို JavaScript သိရမယ်။ နောက် Flutter ဆို Dart ကိုသိရမယ်။ React Native ဆို React ကိုပါသိရဦိးမယ်။

၂ ကိုယ်သွားမဲ့ platform ပေါ်မူတည်ပြီး Android ဆို Android Studio, Emulator, Logcat, iOS ဆို XCode အစရှိတာတွေသိရမယ်။ Emulator တွေ Simulator တွေ တင်တာတွေ device တွေ code signing အစရှိတာတွေပေါ့။ React Native, Flutter အစရှိတာတွေမှာလဲ သူတို.နဲ.ဆိုင်တဲ့ tool chain ပေါ့။

၃. နောက် Build system တွေ Gradle, Cocapod အစရှိတာတွေသိရမယ်။ Crossplatform လုပ်ရင် ခုနက Android build system ကိုရော XCode ဘက်ကကောင်ကိုရော နားလည်ထားမှ အဆင်ပြေပါလိမ့်မယ်။

၄။ နောက် Android ပဲလုပ်လုပ် iOS ပဲလုပ်လုပ် အဓိက သူတို.န.ပတ်သတ်တဲ့ UI တွေ App Component, UI layout တွေ နောက် Networking Call, Asynchronous Programming, Data Access, Rest library, Caching Library, dependency injection library အစရှိတာတွေသိရမယ်။ ဥပမာ Android မှာဆို Dagger, Room, Retrofit, Picasso, ButterKnife အဲ့အပြင် Android Jetpack suit က ကောင်တွေ သိရပါမယ်။ iOS ဆိုလဲဆိုင်ရာပေါ့။

၅ နောက်တခုက Application architecture တွေ ဥပမာ MVC, MVP, MVVM,VIPER, Clean Architecture တွေ သူတို.နဲ.တွဲသုံးတဲ့ component တွေသိဖို.လိုပါတယ်။

၆ ဆိုင်ရာ platform ပေါ်မူတည်ပြီး UI/UX language concept တွေ principle တွေကို နားလည်သင့်ပါတယ်။

၇ နောက် Application တိုင်းမသုံးမဖြစ်တဲ့ push notification အတွက် FCM, လိုကောင်တွေ သိရပါမယ်။

၈ Application Security, Authentication, Cryptographics storage လိုကောင်တွေ obfuscation tool တွေ သိသင့်ပါတယ်။

၉ Apple Store, Play Store အတွက် app upload လုပ်ဖို.အတွက်လိုတာတွေ သိရပါမယ်။

Original link

crd=>(https://m.facebook.com/story.php?story_fbid=pfbid0Bk4vqEK9mzKYkzXx63aWphpegzD3tfeaD9Z7W6EqHHdvMKHfLe2e9ExvAQa3NkS5l&id=1819241055&mibextid=Nif5oz)

Leave a comment