Frontend Developer Roadmap
Frontend developer ဆိုတာ HTML,CSS, JavaScript, JS Framework စတာတွေကိုအသုံးပြုပြီးတော့ web frontend application တွေ ရေးသားရတဲ့ developer ကိုဆိုလိုတာပါ။
၁.TCP/IP networking ထဲက TCP level လောက်ကိုလေ့လာထားသင့်ပါတယ်််။Networking basic concept တွေ protocol တွေဘယ်လိုအလုပ်လုပ်သလဲ။ Internet ဘယ်လိုအလုပ်လုပ်သလဲကဒီမှာ (https://www.facebook.com/thet.khine.587/posts/10215556197857591)
WebServer တွေ HTTP protocol ဘယ်လိုအလုပ်လုပ်သလဲ(ဒီမှာရေးထားပါတယ် https://www.facebook.com/thet.khine.587/posts/10207213385452495) လေ့လာရပါမယ်။
၂။ HTML ကိုလေ့လာရပါမယ်။ အထူးသဖြင့် HTML5 ပါ။ HTML & CSS: The Complete Reference, Fifth Edition by Thomas Powell ကိုဖတ်လို.ရပါတယ်။
၃. CSS ကိုလေ့လာရပါမယ်။ CSS ကိုမှ နောက်ထွက်တဲ့ flexbox တွေ ကိုနားလည်ရပါမယ်။ နောက် responsive design ကိုနားလည်ရပါမယ်။ နောက် responsive CSS framework တွေဖြစ်တဲ့ bootstrap လိုကောင်တွေကို နားလည်ရပါမယ်။ Browser တွေ အလုပ်လုပ်ပုံကိုနားလည်ရပါမယ်(ဒီမှာရေးထားပါတယ် https://www.facebook.com/thet.khine.587/posts/10213996711151398) နောက် CSS preproprocessor တွေကို နားလည်သင့်ပါတယ်။
၄ JavaScript ကို နားလည်ရပါမယ်။ Language ကို Semantic အရ သေသေချာချာနားလည်ရပါမယ်။ JavaScript သည် လူပြိန်းအပေါ်ယံအမြင်ကြည့်ရင် အင်မတန် လွယ်တယ်လို.ထင်ရတဲ့ language ပါ။ တကယ်တော့ master လုပ်နိုင်ဖို. အင်မတန်ခက်တဲ့ language ပါ။ JS မှာဆို ES6, ES7 လောက်ထိလေ့လာသင့်ပါတယ်။ Basic Control Structure, Type Conversion, Object ,Function, Event, Callback, Event Loop, Closure, Continuation Passing Style, Object Oriented Programming, Prototypical inheritance, Functional Programming (First Class Function, Higher Order Function,Currying, Composition, Predicate, Functional Design Pattern, Functor, Monad),Promise, Asynchronous Programming, Meta Programming,JS pattern, DOM mainpulation အစရှိတာတွေ နားလည်သင့်ပါတယ်။
JavaScript Definitive Guide ဆိုတဲ့စာအုပ်ကိုလေ့လာသင့်ပါတယ်။ JS မှာ paradigm 2 ခုရှိပါတယ်။ OO နဲ. FP ပါ ၂ ခုလုံးကို နားလည်အောင်လုပ်သင့်ပါတယ်။ FP ဖို.ဆို. javascript allonge ဆိုတဲစာအုပ်ဖတ်လို.ရပါတယ်။ Ramda.js လို FP library တွေနဲ.လဲ ရင်းနှီးသင့်ပါတယ်။
၅ JS ကိုနားလည်သွားမှ ဆိုင်ရာ Angular, React, Vue အစရှိတာတွေကို လေ့လာသင့်ပါတယ်။ Framework တခုချင်းဆီဖို.ကသီးသန်.လိုက်ရေးမှ အဆင်ပြေပါလိမ့်မယ်။ အဓိက ကတော့ Component တွေ ဆောက်တာ frmework နောက်က philosophies ဥပမာ React ဆို Virutal DOM, Angular ဆို Reactive Programming, အစရှိတာတွေ နားလည်သင့်ပါတယ်။ နောက် Routing, Navigation, REST call, JWT အစရှိတာတွေ နားလည်အောင်လုပ်သင့်ပါတယ်။ JWT ဒီမှာရေးထားပါတယ်( https://www.facebook.com/thet.khine.587/posts/10214705250064428)
၆ နောက် Framework တွေနဲ.တွဲသုံးရတဲ့ state management lib တွေ ဉပမာ NgRx, Redux အစရှိတာတွေကို လေ့လာသင့်ပါတယ်။
၇ Chrome Developer tool ကိုသုံးပြီးတော့ Web application performance profiling, memory leak detection အစရှိတာတွေ ကို နားလည်ရပါမယ်။
၈ FrontEnd Framework အများစုမှာသုံးရတဲ့ npm တွေ bundler,webpack, build tool, linter တွေကို နားလည်သင့်ပါတယ်။
၉ TypeScript programming language ကိုနားလည်အောင်လုပ်သင့်ပါတယ် ၊ဒီနေရာမှာ Angular သုံးမယ်ဆိုရင်တော့ မဖြစ်မနေကို လုပ်ရပါိလမ့်မယ်။
၁၀။ နောက် CORS, အစရှိတာတွေလို Web Socket တွေလို ကောင်တွေ နားလည်သင့်ပါတယ်။
၁၁။ DevOps pipeline ဖြစ်တဲ့ docker, k8s နဲ. hosting အစရှိတာတွေကို နားလည်သင့်ပါတယ်။ နောက် Git လိုကောင်တွေပေါ့
Original link=>(https://m.facebook.com/story.php?story_fbid=pfbid02HhcD81kosGXa4TenC5UMyKde59krTuSvFpAtdek7UbTtxnHLyvLyToqgUJEcTNMWl&id=1819241055&mibextid=Nif5oz)
Link1=>(https://supyaem.home.blog/2023/10/21/how-does-the-internet-work-dummy-bird-eye-view/)
Link2=>(https://supyaem.home.blog/2023/10/20/how-web-server-and-http-protocol-works/)
Link3=>(https://supyaem.home.blog/2023/10/20/how-web-browsers-work/)
Link4=>(https://supyaem.home.blog/2023/10/21/how-does-jwt-work/)