Things Developer Should Aware[Page Breaks]

x is dead, y is dead တို့က တကယ်က clickbait တွေသုံးတာ။

Langauge တွေ dead တာရှိလားဆိုတော့ အဲ့လိုတော့ မရှိဘူး။ အုန်းခနဲ ဘယ်သူမှ မသုံးတော့ဘူးရယ်ကလုပ်လို့မရဘူး။

ဒါ‌ပေသိ တခြား language ကိုနေရာဖယ်ပေးလိုက်ရတာ။ လက်ရှိ industry မှာသိပ်အသုံးမဖြစ်တော့တာရှိတယ်။

ဥပမာ Google က kotlin ကို android မှာ first class ထားပေးလိုက်တော့ android development မှာ Java ကနောက်ရောက်သွားတာပဲ။ဒီသဘောပဲ။

အဲ့လိုပဲ Go ပေါ်လာတော့ တချို့ enterprise မှာ Node နေရာ Java နေရာ ဝင်လာတာပဲ။

နောက် eco system ပေါ့။ enterprise တွေဆို Java ကိုသုံးထားတော့ နောက်ထပ် ဒါတွေကို ချက်ခြင်းဖြုတ်ကွာဆိုပြီး လုပ်လို့မရဘူး။ Ecosystem ကြီး တခုလုံးဖြုတ်ပြစ်လို့မှ မဖြစ်နိုင်တာ။

နောက် ကိုယ်လုပ်နေတဲ့နေရာ နိုင်ငံ industry အပေါ်လဲ မူတည်သေးတယ်။ Webs application ရေးတာလောက်အလုပ်ဖြစ်တာနဲ့ enterprise လောက် ဝင်လုပ်တာ သုံးတဲ့ language, tech stack မတူဘူး။

အကောင်းဆုံးက ကိုယ်လုပ်ချင်တဲ့နေရာ နိုင်ငံ industry အပေါ်မူတည်ပီဲး အလုပ်ခေါ်စာတွေမှာဘာကိုတောင်းသလဲကြည့်တာပဲ။

နောက် ဘယ်တော့မှ မ dead နိုင်တဲ့ computer science, algorithm တွေ software engineering concept တွေ programming language theory လိုကောင်တွေ လေ့လာထားတာ အကောင်းဆုံးပဲ။

Original link

crd=>(https://m.facebook.com/story.php?story_fbid=pfbid0MF95rUsKHsfNd55o9s476fyKxaD1ovy4WPJoa9C6SMWs2SrXcfrR6PPmvevSVVwfl&id=1819241055&mibextid=Nif5oz)

Leave a comment