Linux OS git source code ကိုကြည့်ပြီး Dmitry Kakurin ဆိုတဲ့ ဘဲတပွေက Linus ဆီ email ပို့တယ်။ ၂၀၀၇ လောက်က
ဘာပြောလဲဆိုတော့ Linux source code မှာ C ချည်းသုံးထားလို့ C++ ဘာလို့မသုံးလဲပေါ့။ နောက်တခုကတော့ bullshit
Linus Torvalds က ဘာပြန်ပြောလဲဆိုတော့ C++ is horrible language ဆိုပြီးပြန်ပြောတာ။
နောက်တခုထပ်ပြောတာက စိတ်ဝင်းစားဖို့ကောင်းတာက C ကိုရွေးတာက C++ programmer တွေကို ဝင်မလာအောင်လုပ်တာဆိုပြီး။
Context အရ ခုနက techincal ပိုင်းအရ C++ ရဲ့ပြဿနာက C ထက် abstraction တွေပိုမြှင့်ထားတယ်။
ဥပမာ Class, Template စတာတွေ နောက်အဲ့ကောင်တွေက compile လုပ်လိုက်ရင် compiler တခုနဲ့တခုမတူကြဘူး။
Bug တွေ ဖြစ်တတ်တာလဲ မတူကြဘူး။ ဟိုးအရင်တုန်းက standard ဆိုတာမရှိသေးတော့ပိုဆိုးတယ်။
နောက်ပိုင်းမှ C++ standard ဆိုပြီးလုပ်လာကြတာ။
Technical choice အရလဲ that make sense လို့ပြောလို့ရတယ်။
နောက်တခုက C++ programmer တွေဝင်မလာအောင်ဆိုတာလဲ သူများတော့မသိဘူး ကိုယ်တော့သဘောကျတယ်။
သူ့ decision နဲ့သူပဲ။ lesson learned အာရုံနောက်အောင်လုပ်မဲ့ကောင်တွေနဲ့ စောင်စကားမပြောချင်ဘူးဆိုတာမျိုးပဲ။
email thread စိတ်ဝင်စားရင် ဒီမှာ
http://harmful.cat-v.org/software/c++/linus
Original link