Misconceptions about software development
1. ဘာလာလာ ကိုယ်တတ်တာလေး အကောင်းဆုံး တာမျိုး၊
ဒီ language ဒီ framework ကိုပဲနားလည်တဲ့အတွက် ဒါသည်အကောင်းဆုံးလို့ထင်နေတာမျိုး။
အခြေအနေပေါ်မူတည်တယ်။ Java လိုကောင်မျိုးကို enterprise မှာသုံးပေမဲ့ Frontend မှာလာလုပ်လို့မရဘူး။
အဲ့လိုပဲ JS ကြိုက်လွန်းလို့ Node TypeScript နဲ့ဆိုလဲ ecosystem, tooling စတာတွေနဲ့ enterprise ဖို့ကစဉ်းစားဖို့ရှိသေးတယ်။
2.Programming သင်ဖို့ math တတ်ဖို့မလိုဘူးထင်တာမျိုး။
Math တတ်မှ progrmming လုပ်လို့ရမှာတော့မဟုတ်ဘူး ဒါပေသိ Advanced conept တွေရောက်တဲ့အခါ ဥပမာ 2D programming လုပ်မဲ့ကောင်က
trigo မသိလို့မရဘူး။ အဲ့လိုပဲ AI Machine Learning လုပ်မယ်ဆို math နားမလည်လို့မရဘူး။ (Tool သုံးတာလောက်ကို ဘောင်ထဲမဝင်လို့ထဲ့မပြောဘူး)
3.CS သိဖို့မလိုဘူးထင်တာမျိုး။ ဒါကလဲ အပေါ်ကလိုပဲ သာမာန်ကာလျံကာလုပ်ရင် ဘာမှမလိုဘူး။
အခြေအနေတခုခု deep dive လုပ်ရပြီဆို သိထားတဲ့သူက မသိတဲ့သူထက်အားသာတယ်။
4. Algorithm တွေနေ့တိုင်းမသုံးဘူး နားလည်ဖို့မလွယ်ဘူး ။ အပေါ်က၂ ချက်လိုပဲ။
နေ့တိုင်းတော့မသုံးဘူး သို့ပေသည့် ခုနက algorithm တွေ learn လုပ်ရင်းက ရလာတဲ့ problem solving သည် အမြဲသုံးနေရမှာ။
ဘာနဲ့အလားတူလဲဆိုတော့ ဘောလုံးသမားတွေ အပြေးလေ့ကျင့်ရတယ်။ ကွင်းထဲမှာ မကန်ပဲပတ်ပြေးနေတာမဟုတ်ဘူး။
ပြေးတာကရတဲ့ကြံ့ခိုင်မှု့ လျှင်မြန်မှု့ကတော့ အသုံးတည့်တယ်မဟုတ်လား။
5. Software Enginnering သိဖို့မလိုဘူး။ ဒါကလဲ နေရာတခု level တခုရောက်လာပြီဆိုရင် လိုလာတယ်။
အဓိကအားဖြင့် complex code based တွေ large system တွေဆို လိုလာပြီ။ small project တွေဖို့တော့ ဘာသိဘာသာပဲ။
6. သိထားတဲ့ Framework , Language တွေကတသက်လုံးခံမယ်ထင်နေတာ။ Industry trend အပေါ်မူတည်ပြီး လစ််််််််််််််သွားနိုင်တယ်။ အဲ့အစားခုနက computer science, algorithm, software engineering အစရှိတာတွေ ရေရှည်ခံနိုင်တဲ့အသုံးတည့်တာတွေကို လေ့လာသင့်တယ်။
7. သိပြီးသား language , framework တခုကို ထပ်သင်ဖို့မလိုဘူး။ အမြဲပြောင်းလဲနေတဲ့အတွက် မျက်ခြေမပြတ်လိုက်လေ့လာနေရတယ် knowledge က update ဖြစ်အောင်လုပ်နေရတယ်။’
8. Programming သင်လိုက်လို့နေ့ခြင်းညခြင်းတတ်မယ် ထင်နေတာ။ ဘယ်ပညာရပ်ဖြစ်ဖြစ် Professional ဖြစ်ဖို့ အချိန်တခုတော့ယူရတာပဲ။
9. Language သင်တယ်ဆိုတာ syntax နားလည်ရင်ရပြီထင်နေတာ။
Original link=>(https://m.facebook.com/story.php?story_fbid=pfbid02mb1PHMBXpfn3dB8Pz3XtGfi4NDqv4tJFynDavGJSvgW7eY1XdQZbeRDE8k5Kcyk2l&id=1819241055&mibextid=Nif5oz)