မနေ့ကထင်တယ် reddit မှာတွေ့လိုက်တာ IBM က COBOL ကနေ Java ကို code generation AI သုံးပြီး translate လုပ်ပစ်တာ။
ဘာလို့ COBOL ကခုထိသုံးနေသေးသလဲပေါ့။ လူတွေက code တွေ program တွေကို အာရုံရှိကြတာမဟုတ်ဘူး။ Business ပဲ business ရှိနေလို့ ခုနက business ကို support တဲ့ application , language တွေက ရှိနေကြတာ။
ဒါဆို သက်တမ်းရှည်မဲ့ language တွေက သက်တမ်းရှည်တဲ့ business တွေကို လည်ပတ်နေတဲ့ကောင်တွေပေါ့၊ ဥပမာ ခုနက COBOL ဆို financial application တွေ mainframe တွေပေါ်မှာသုံးနေတာ။
နောက်ဘာလို့ Kotlin လိုကောင်မပြောင်းပဲ Java ပြောင်းသလဲပေါ့။ အဖြေက ecosystem ဆိုတာပဲ။ Backend enterprise မှာ Java Ecosystem ကြီးကိုမကျော်နိုင်သေးဘူး။
Language တခုကနေ တခုကို translate လုပ်တာက compiler technology တွေကိုသုံးရင်ရတာပဲ။ ဘာလို့ Generative AI model သုံးလဲပေါ့။ ဖြစ်နိုင်တာက one to one mapping မဟုတ်ပဲ concept mapping, best practice စတာမျိုးနဲ့ လူတွေ translate လုပ်သလို သုံးတဲ့သဘောမျိုးနေမယ်။
ဒါပေသိ Downside အနေနဲ့ technical debt တွေ အများကြီးရှိလာနိုင်သေးတယ်။ Unit test တွေ မရှိရင် ဒါတွေ မှန်မမှန်ဘယ်လိုစစ်မလဲဆိုတာ။
https://techcrunch.com/2023/08/22/ibm-taps-ai-to-translate-cobol-code-to-java/
Original link=<(https://m.facebook.com/story.php?story_fbid=pfbid036NpEHmgY2HezEHDc9HQLn7QMWA8YaQdk5DJoSRF6HG7VP7NkwK2zTKLLAkNS4Pj2l&id=1819241055&mibextid=Nif5oz)