လူတွေ စဉ်းစားရင် ခေါင်းထဲမှာ ဘယ်ဘာသာစကားနဲ. စဉ်းစားလဲဆိုတော့ mother language နဲ.စဉ်းစားတယ်လို့ဆိုရမယ်။ ဒါမှမဟုတ်လဲ mother language ကဲ့သို. ကျွမ်းကျင်သော ဘာသာစကားပေါ့။
မျက်စိမမြင်တဲ့သူ နားလဲမကြားတဲ့သူတွေကိုတော့ sign language သင်ပေးထားရင် စဉ်းစားတဲ့ အခါ sign language အနေနဲ.စဉ်းစားမယ်ပေါ့။
ခုနက စဉ်းစားတဲ့အခါ abstract concept တွေ ဥပမာ မေတ္တာ၊ အမုန်းဆိုတာမျိုးကျတော့ language ရှိလို.သာလျင် အဆင်ပြေတာ။ နောက်တခု က မြင်ဖူးကြားဖူးမှ စဉ်းစားနိုင်မယ်။
ဥပမာ ရေခဲမုန်.ဆိုတာ မြင်ဖူးကြားဖူးနေမှ ရေခဲမုန်.အကြောင်းစဉ်းစားလို.ရမယ်။ Exposure ရှိရမယ်ပေါ့။
မွေးကင်းစ ကလေးတွေ ကျတော့ဘာတွေသုံးပြီးစဉ်းစားလဲဆိုတော့ သူတို. learn လုပ်နေတဲ့ အသံ အရုပ်စတာတွေ emotion တွေနဲ.စဉ်းစားတယ်ပေါ့။
Programming မှာ စဉ်းစားလို.မတတ်ဘူး ထွက်မလာဘူးဆိုတာ ခုနက လို အရင် exposure ရှိမထားတာ မြင်ဖူးကြားဖူးထားတာ မရှိတာရယ်။ နောက် ဒါကို express လုပ်ဖို. language မသိတာရယ်။ Abstract စဉ်းစားနဲ.ဖို. concept မသိတာတွေရယ်ကြောင့် ဖြစ်တာ။
Original Post=>(https://www.facebook.com/thet.khine.587/posts/pfbid0ghSoc3qBGAnYFRmgE9BrQpdv374aGwmVNhRkNxC16gGLqMHcniLrfve3UzLStjEUl)