Things Developer Should Aware[Page Breaks]

Learn လုပ်တဲ့အခါ ကိုယ်တိုင်လုပ်တတ်တာလေးပါ။

ဘယ်ဟာကိုစလေ့လာလဲဆိုတော့ လွယ်တဲ့ဟာ လောလောဆယ် ကို.ဦးနှောက်ထဲမှာရှိတဲ့ knowledge နဲ.နားလည်တဲ့ဟာကိုအရင်လေ့လာတယ်။ မရသေးဘူးဆိုရင် အဲ့ထက်လွယ်တာကို စတယ်။

နောက်တော့မှ တဖြည်းဖြည်း လွယ်တာလေးတွေ နားလည်လာတော့မှ သူ.ထက်တဆင့် ခက်တာလေးတွေဆီသွားတယ်။ တခုရှိတာကတော့ ခုနက လွယ်တာလေး လုပ်တတ်တာလောက်နဲ. အဟုတ်မှတ်ပြီး ငါကွ သိပြီ လို.တခါမှ မတွေးဖူးတာပဲ။

ပြီးတော့ ပညာရပ်ပိုင်းဆိုင်ရာမှာ တခုနဲ.တခုက ဆက်စပ်နေတာ ။ အဲ့တော့ B ကိုသိချင်ရင် A ကိုမသိပဲနဲမရဘူး ။ A ကိုသိလာပြီဆိုရင် B ကိုသိဖို. C ကိုနားလည်ဖို.ရာ မခက်တော့ဘူး။ အဲလိုလွယ်တာက စလေ့လာတာကို Top Down လို.ခေါ်တယ်

ဥပမာ framework တခုလေ့လာတယ် သာမာန် သူလိုကိုယ်လို tutorial တွေဖတ်တယ်။ ရေးတတ်အောင်လုပ်တယ်။ ဒါသည် top down ပဲ။ အဲ့မှာတင်ကျေနပ်သလားဆိုတော့ မကျေနပ်ဘူး။ ဒီ framework က internally ဘယ်လိုအလုပ်လုပ်သလဲဆိုတာကိုပါ လိုက်မွှေတယ်။ အဲ့ကျ မလွယ်ဘူး။ ဟိုရောက်ဒီရောက်နဲ. ။ ဒါကဥပမာ ပြောပြတာ။

Language တခုလေ့လာတယ် ဒီသဘောပဲ။ ပထမ syntax semantic, နောက် pragmatic က တခြားဟာတွေဆီကနေသိပြီးသား။အဲ့ကနေ runtime မဆင်းရပဲ မသိပဲ မနေနိုင်ဘူး။ ဗီဇကိုပါလာတာ။

Field တခုခုကိုလေ့လာရင်လဲဒီသဘောပဲ။ ဒါပေမဲ့ကြာလို. အခြေခံအားဖြင့် အားလုံးကို သေသေချာချာနားလည်သွားတဲ့အခါ တခြား field တွေကိုလေ့လာရတာသည် လွယ်သွားရော။ အခြေခံတွေသိပီးမှ လေ့လာတာကိုကျတော့ bottom up နည်းပေါ့။

နောက် knowledge ကို အမြဲတမ်း refine လုပ်တယ်။ ငါဘယ် level ကိုသိနေတာလဲပေါ့။ အကြောင်းအရာ တခုကိုပဲ depth မတူပဲသိအောင် တဖြည်းဖြည်း ပို နက်အောင် နားလည်အောင်လုပ်တယ်။ ဆိုးတာက အချိန်အတော်ယူရတာပဲ။အဲ့တော့ကိုယ်သိတဲ့ A သည် သူများသိတဲ့ A နဲ.မတူတော့ဘူး။

တချို.ကောင်တွေက ငါလဲ ဒါသိတယ် ဟိုဘဲကြီးလဲ ဒါသိတယ် အတူတူပဲ ထင်နေတာ depth ဘယ်လောက်ကွာတယ်ဆိုတာ ကိုတော့မသိဘူး။ သိနိုင်စွမ်းလဲမရှိဘူး။

ဆိုက်ကားသမားလဲ မြန်မာလိုပြောတတ်တယ်။ မြန်မာစာ ပါမောက္ခကြီးကလဲ ပြောတတ်တယ်။ မြန်မာလိုချင်းတတ်တာတူတူပဲလို.ထင်နေတဲ့သဘောပဲ။

Original Post=>(https://www.facebook.com/thet.khine.587/posts/pfbid0YRuPi8nnnms3KPuN8jPUzAvdQ7Na9vXe3xvf5sEnt1gaNaxnT4h23NWmYnnevMUFl)

Leave a comment