Programming ကိုခုမှစလေ့လာမဲ့သူတွေ ဝေခွဲရခက်တာက ဘယ် language ကိုအရင်လေ့လာရမလဲပေါ့။
လွယ်တဲ့ language ကစလို့ပြောရမယ်။ ကျောင်းတွေမှာကတော့ C/C++ နဲ့စကြတယ်။ ပြဿနာက ကောင်းတာရော ဆိုးတာရောရှိတယ်။ ကောင်းတာက programming langauge တင်မကပဲ နောက်က computer architecture, computer science concept တွေနဲ့ပါရင်းနှီးစေတယ်၊ ဥပမာ memory address, pointer, memory allocation စတာတွေကို modern language တွေမှာ မြင်နိုင်ဖို့မလွယ်ဘူး။
မကောင်းတာက ကျောင်းသားက ဒါမှမဟုတ် ခုမှစလေ့လာတဲ့သူဖို့လိုက်ရခက်တယ်််။နားလည်ရခက်တယ်ပေါ့။ နောက်တခုက စနစ်တကျသင်ပေးတာမဟုတ်ရင် ဥပမာ စာရွက်ပေါ်မှာ white board ပေါ်မှာ ကောက် run ခိုင်းတာမျိုး တော်တော်ဒုက္ခရောက်တယ်။
အဲ့တော့ စမယ်ဆိုရင် programming language လွယ်တာလေးကနေ စသင့်တယ်။ ဥပမာ Python လိုကောင်မျိုးပေါ့။ သူ.မှာလဲပြဿနာရှိသေးတယ်။ လွယ်တော့ အကုန်သေချာမလေ့လာဖြစ်ပဲ ဒါလွယ်လွယ်လေးပဲ မှတ်သွားမှာရယ် နောက် advanced concept တွေ မသိတော့မှာရယ်ပေါ့။
နောက်တခုက လွယ်တယ်ဆိုပေမဲ့ ကိုယ်စိတ်ဝင်စားတာ အသုံးချလို့ရတဲ့ language မျိုးဆိုပိုကောင်းတာပေါ့ ဥပမာ Web ရေးတာမျိုး ကိုယ်က စိတ်ဝင်စားရင် ကိုယ်သုံးနေတဲ့ language ကဒါမျိုးဆိုအဆင်ပြေတာပေါ့။ မဟုတ်ရင် စိတ်ဝင်စားမှု.လျော့မယ်ပေါ့။ IOT ဆိုလဲ iOT မှာအသုံးတည့် တဲ့ language ပေါ့။
Learning by Doing ကပိုအဆင်ပြေတယ် မြန်တယ်လို့ခံစားရတယ်။ ဆိုချင်တာက ကိုယ်စိတ်ဝင်စားတဲ့ project တခုလုပ်လိုက်တာမျိုး။ ဒါပေမဲ့ language အနှစ်သာရ အကုန်ကိို မလေ့လာဖြစ်တာ သိသင့်တာ မသိတော့တာမျိုးတွေ ရှိတတ်တယ်။
Language အလိုက် လေ့လတာကျတော့ language feature တွေသိမယ် ပျင်းစရာကောင်းပေမဲ့ ခရီးမတွင်ဘူး ကြာတယ် ခံစားရမယ်။ ၂ခုလုံးမျှတာကောင်းတယ်။
တချို.ကျတော့လဲ ပေါတောတော အတွေးတွေ ငါဒီ langauge လေ့လာလိုက်ရင် လူအထင်ကြီးမယ်ဆိုတာမျိုး ။ ဒီစာအုပ်ဖတ်လိုက်ရင် သူများက ငါ့ဘာထင်မယ်ဆိုတာမျိုး။ ဖတ်သာဖတ်တယ် လေ့လာသာ လေ့လာတယ် မတတ်ရင် အလကားပဲကိုး။
အကောင်းဆုံးကတော့ ကိုယ်ပျော်တဲ့နည်းနဲ့ နှစ်သက်သလိုလေ့လာပြီး ဘာတွေလိုတယ်ဆိုတာထပ်စဉ်းစားပြီး ပြန် learn, unlearn, relearn လုပ်တာ အကောင်းဆုံးပေါ့။
Original Post=>(https://www.facebook.com/thet.khine.587/posts/pfbid02R6y1kLDZ5GFRChjbvQbqT9jd7xKDwqKRyPRC5uDsD8mjxGVwoydeVdPPwcxtzD9nl)