Things Developer Should Aware[Page Breaks]

Programmer တွေ များသောအားဖြင့်က main programming language တခုကိုပဲ အာရုံစိုက်လေ့လာတာတွေ.ရတယ်။

အဲ့မှာ ဘာပြဿနာရှိလဲဆိုတော့ ကိုယ်သုံးတဲ့ programming laguage ရဲ. type system နဲ.ပတ်သတ်တာ ကောင်းကောင်းနားမလည်တာမျိုးပဲ။ ဥပမာ ကိုယ်က static typed programming langauge ကိုသုံးတဲ့သူဆိုရင် duck typing ဆိုတာကိုသိပ်နားမလည်ဘူး။ ဥပမာ Java, C# သမားတွေပေါ့။

နောက် တခုကိုယ်က Dynamic programming language ကိုသုံးတဲ့သူ ဥပမာ PHP, Python, Ruby, JS သမားဆိုရင် static type ဘက်က type system တွေရဲ. restriction တွေ type checking, subtype super type တွေ ,type inference တွေဆိုတာကို နားမလည်ဘူး။ စဆရက လုပ်နေတဲ့ လူတွေတောင် type inference လား dynamic typed လားမသိတဲ့သူတွေ.ဖူးသေးတယ်။

နောက် dynamic programming language မှာ polymorphism ဆိုတာ မျက်စိရှေ.တင်ရနေတော့ အားလုံးက အဲ့တာဖြစ်နေတော့ ဒါမျိုးကို grasp မလုပ်နိုင်တာမျိုး။ နောက် ကိုယ့် dyanmic programming language မှာရတဲ့ speical power တွေဥပမာ Runtime မှာကြိုက်သလို overwrite လုပ်လို.ရတာတွေ dynamicity တွေကိုမသုံးတတ်ဘူး meta programming ကိုနားမလည်ဘူးဖြစ်ကုန်တယ်။

ပြဿနာကလဲ ခုနက ဟာတွေကို နားလည်ဖို.က type system static, dynamic အစရှိတာကို သေချာသုံးဖူးပြီး နားလည်မှပဲ သဘောပေါက်မဲ့ကိန်း။

တခြား Paradigm တွေ မသင်နိုင်ရင်တောင် အနည်းဆုံး static , dynamic typed system လေးတော့ နားလည်အောင် လေ့လာထားရင် မဆိုးဘူးပေါ့။

ပြောသောပြောရတာ code ကရေးလိုက်ရင် output ထွက်ရင် အဆင်ပြေနေတာကို ဘာ type တွေ ပြောနေတာတုန်း ကာလနာတိုက်ချင်လို.လား ဖြစ်နေဦးမယ် 😛

Original Post=>(https://www.facebook.com/thet.khine.587/posts/pfbid02aFWVQtih6TNxKZf5sW8UiGjXDYQGhQVADQFEHyeJdHCgbjxRvzMSxBzbgx9iJhL4l)

Leave a comment