နယ်ပယ်တခုခုမှာ လူတိုင်း expert ဖြစ်နိုင်သလား။
Expert ဆိုတာ နယ်ပယ်တခုခုမှာ ကျွမ်းကျင်သူ ထူးချွန်သူကို ဆိုလိုတာ။ လူတိုင်းဖြစ်နိုင်သလား လုပ်ယူလို.ရသလားပေါ့။
Nature vs. Nurture problem ပေါ့ မွေးရာပါလား လေ့ကျင့်ယူတာလား လုပ်ယူတာလားပေါ့။
“10,000-hour rule” ဆိုတာရှိတယ် နယ်ပယ်တခုခုမှာ နာရီ တသောင်းလောက်လေ့ကျင်ရင် expert ဖြစ်နိုင်တယ်ဆိုတဲ့အယူအဆ။ အဲ့တာကို ဟုတ်ရဲ.လားဆိုပြီး သုတေသနတွေလုပ်ထားတာရှိတယ်။ Practice လုပ်တာနဲ. တိုးတက်နိုင်သလားဆိုတာ နယ်ပယ်တွေအပေါ်မူတည်နေသေးတယ်။
ဥပမာ Psychological Science in 2014 မှာလုပ်ထားတဲ့ paper တစောင်က တေးဂီတ၊ အားကစား၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေ ၊ game တွေ မှာ practice ကဘယ်လောက်အရေးပါလဲဆိုတာကို လေ့လာတော့ ဘာသွားတွေ.လဲဆိုတော့။
ဂိမ်းမှာ 26% , ဂီတမှာ 21 %, အားကစားမှာ 18% အရေးပါတာသွားတွေ.တယ်။ ပညာရေး ကျတော့ 4% လောက်နဲ. အသက်မွေးဝမ်း ပညာတွေ professional တွေကျတော့ 1% လောက်ပဲ သွားအရေးပါတာကို သွားတွေ.တယ်။
ဆိုချင်တာက ခုနက ဂိမ်းတွေ ၊ အားကစား၊ ဂီတ အစရှိတာတွေမှာ practice သည်အရေးပါပေမဲ့ education, profession မှာကျတော့ အဲ့လောက်မဟုတ်ပြန်ဘူး။
Education, profession မှာကျတော့ မွေးရာပါ intelligence, personality, mental toughness (ဇွဲရှိမှု.) စတာတွေက ပိုအရေးကြီးတာသွားတွေ.တယ်။ ပိုစကားပြောတယ်ပေါ့။ မြန်မာလိုဆိုရင်တော့ ပါရမီပေါ့။
ခုနက နာရီ ၁သောင်း လေ့ကျင့်ဆိုတာကလဲ ကိုယ်သိနေပြီးသား ဒါကြီးကိုပဲ ထပ်ခါထပ်ခါလေ့ကျင့်တာမျိုးမဟုတ်ဘူး။ ကိုယ်မလုပ်နိင်တဲ့ challenge ဖြစ်တဲ့ဟာတွေ လုပ်ပြီး deliberate practice လုပ်မှရတာ။
Challenge ဆိုတာမျိုးကျတော့ ကိုယ်တယောက်ထဲ လေ့လာတာထက် ကိုယ့်ထက်ပိုသိ ပိုတတ်တဲ့ mentor နဲ.လေ့လာတာ ပိုအဆင်ပြေတတတ်လွယ်သိလွယ် မြန်တယ်ပေါ့။
နို.မို.ဆို နာရီ ၁သောင်းသာကုန်သွားမယ် ဘာမှ ဖြစ်မလာဘူးပေါ့။ ခုနက deliberate practice ဆိုတာကလဲ လုပ်ချင် မလုပ်ချင်ချင် အမြဲလုပ်နေရ လေ့ကျင့်နေရတာမျိုးကိုဆိုတာ ။ အဲ့မှာ ကျတော့ ဘာကအရေးပါလဲဆိုတော့ grit ကအရေးပါတယ်။ မြန်မာလိုကျတော့ ဇွဲနပဲ ရှိတယ်လို. ဆိုရမလားပဲ။
Mindset သဘောအရ တခါရေးဖူးသလို Growth mindset ရှိရင်တော့ expert မဖြစ်တောင် လက်ရှိအခြေအနေထက် ပိုတော်လာနိုင်တယ်ပေါ့။
အောက်က ဆရာချိန်.ပုံကတော့ moti ဖို.သက်သက်ပေါ့။
Original Post=>(https://www.facebook.com/thet.khine.587/posts/pfbid0RMpXH7m4mL33hhJPo3QAFBcVrBRZHhLDWC24FAph2r6DkYzriRVoe4MrRP6bxRH1l)