တွေ့မိတဲ့ discussion တခုစိတ်ဝင်စားလို့ microservices တွေ ကို multiple language တွေ framework တွေသုံးပြီး build လို့ရတယ်ပေါ့။
Build လို့ရပေမဲ့ သုံးသင့်လားဆိုတာ စဉ်းစားရပြန်တယ်။ ဥပမာ Enterprise လိုကောင်မျိုးမှာ ခုနက tech stack မတူဘူးဆိုရင် တော်တော်စားတယ်။ Developer တွေရှာရတာ။ Maintenance လုပ်မဲ့သူမရှိတာ ဒါမျိုးတွေဖြစ်တယ်။
နောက်တခုက ecosystem, microservices ကခုနက service တခုက language တခု နောက် service က language တခု theory အရတော့ all fine. လက်တွေ့ကျတော့ အဲ့ microservices အားလုံး စုသုံးရတဲ့ functionality တွေလိုတယ်။
ဥပမာ tracing, observability, logging,security စတဲ့ cross cutting concern တွေရှိတယ်။ အဲ့တော့ အဲ့ကောင်တွေဖို့က tool တွေ သုံးရဦးမှာ. တကယ်လို့ အဲ့ tool သည် ခုနက multiple language, framework ကို support လုပ်ဖို့ကျတော့ ပြဿနာရှိနိုင်တယ်။
ဆိုချင်တာက သီအိုရီအရအိုကေပေမဲ့လုပ်သင့်မလုပ်သင့် ချိန်သင့်တယ်ပြောချင်တာ။
ဒါမျိုး other aspect တွေလဲအများကြီး ဥပမာ one database per service, အဲ့မှာ တချို့ကျကွန့်ပြီး DB type ပါမတူဘူး တခုက NoSQL တခုက RDBMS အဲ့လို။ one db per service လုပ်တဲ့အခါ ချိန်ရတာ distributed transaction တွေ။
နောက် ဘာထပ်စဉ်းစားရလဲဆိုတော့ data reporting ရောက်တဲ့အခါ multiple service က data ကို consume လုပ်တဲ့အခါ data warehouse , data lake လိုကောင်မျိုးထဲကို pump လုပ်တဲ့အခါ DBMS type မတူတာတွေ ကျ ခွတော်တော်ကျတယ်။
Original Post=>(https://www.facebook.com/thet.khine.587/posts/pfbid0R5mNa6B6TKBdtHDWg3Qyc535JxUrndpwrpSizxswpQyA1fmBfeF3d5keAgRsjMUWl)