Butterfly Effect
ဘရာဇီးက လိပ်ပြာလေး အတောင်ပံခတ်လိုက်တာက Texas မှာ တော်နေဒိုးတွေ ဖြစ်သွားနိုင်တယ်ဆိုရင် ကြောင်စီစီရယ်လို.တွေးမိကြပါလိမ့်မယ်။ လိပ်ပြာ အတောင်ပံခတ်လိုက်လို. ဖြစ်လာတဲ့ လေအင်အားနည်းနည်းလေးက (Tiny Effect) က တော်နေဒိုး လို ကောင်မျိုးဖြစ်စေနိုင်တဲ့ Big Consequence ဖြစ်နိုင်တယ်လို.ဆိုလိုတာပါ။
Butterfly Effect ကို ၁၉၆၀ လောက်မှာ မိုးလေဝသပညာရှင် Edward Lorenz က တွေ.ခဲ့တာပါ။ သူက မိုးလေဝသနဲ.ပတ်သတ်တဲ့ prediction system တခုကို computer နဲ. simulation လုပ်ကြည့်တယ်။ တရက်သူ.ရဲ. computer ကို အဲ့လို prediction run ပြီး ကော်ဖီသွားသောက်တယ်။ ကော်ဖီသောက်ရာက ပြန်လာတော့ ခုနက သူ run ထားတဲ့ prediction ဟာ အရင်အခေါက်တွေနဲ.မတူပဲ တော်တော်ကြီးကွဲနေတာသွားတွေ.တယ်။ ဒါနဲ. သေချာလိုက်ကြည့်တော့ random small change လေးတွေသည် decimal rounding ဖြစ်ရာကနေ နောက်ဆုံး မတူတဲ့ ကွဲပြားတဲ့ effect ကြီးဖြစ်သွားတာကိုသွားတွေ.တယ်။ အဲ့ကနေ သူက nonlinear dynamic complex system တွေမှာ အစပိုင်းမှာ state သည် random လေးနည်းနည်းလောက်ပြောင်းလိုက်တာနဲ. နောက်ပိုင်းမှာ အများကြီး ပြောင်းသွားနိုင်တယ်လို. သီအိုရီထုတ်ခဲ့တယ်။ အဲ့တာကို Butterly Effect theory လို.ခေါ်တယ်။
အစောပိုင်းက သိပ်လက်မခံကြပေမဲ့နောက်ကျတော့ social psychology တွေ economic တွေ အစရှိတဲ့နယ်ပယ်ပေါင်းစုံမှာ အဲ့လို effect မျိုးတွေ တွေ.လာတယ်။ နောက်ပိုင်း Butterfly effect ကိုအခြခံပြီး Chaos theory ဆိုတာ ထွက်လာတယ်။ Computer ဘက်မှာကျတော့ Chaos computing ဆိုပြီးသုံးတာပေါ့။
လေးဖြူတောင် သီချင်းဆိုထားသေး ကမ္ဘာကြီးရဲ. အခြားဘက်က လိပ်ပြာများ တောင်ပံခတ်ခြင်းက အစပြုတဲ့ လေပွေမုန်တိုင်းများ ဒီကမ္ဘာတဘက်ခြမ်းမှာ အထင်အရှားဖြစ်လာဆိုတာ။
ဟစ်တလာက ငယ်ငယ်တုံးက ဗီယင်နာ အနုပညာကျောင်းက နေ ၂ ကြိမ်တောင် အပယ်ခံရတယ်။ ပယ်လိုက်တာက Jew Professor , ဟစ်တလာသာ အဲ့ကျောင်းဝင်ခွင့်ရရင် ဂျူးတွေလဲ သေမှာမဟုတ်ဘူး။ ကမ္ဘာစစ်လဲ ဖြစ်မှာမဟုတ်လောက်ဘူး။
နောက် ပထမကမ္ဘာစစ် စဖြစ်တာ သြစတီးယား အိမ်ရှေ.မင်းသား Franz Ferdinand အသတ်ခံရလို. ။ လူသိနည်းတဲ့အချက်က သူ.ကိုလာလုပ်ကြံတဲ့ ဘောစီနီးယား ဆပ် လူမျိုး Gavrilo Princip က ပထမလုပ်ကြံတုန်းက မအောင်မြင်ဘူး ဗုံးက ပေါက်ကွဲသွားတယ်။ မင်းသားတော့ နည်းနည်းထိသွားတယ်။ ဒါနဲ.လမ်းကြောင်းပြောင်းရမယ်ဆိုပြီး အကြောင်းကြားတယ်။ မင်းသားရဲ. ကားဒရိုင်ဘာက အဲ့တာကိုမသိလိုက်ဘူး။ အဲ့တော့ ခုနက မင်းသားပါတဲ့ကားက Gavrilo Princip ဘာဂါစားဖို.ရပ်နေတဲ့ ကော်ဖီဆိုင်ရှေ.ကို သွားတိုးပါရော။ အဲ့မှာ ပစ်လိုက်တာ ကျည်ဆံ ၂ချက်နဲ. ကမ္ဘာစစ် ၂ ခါဖြစ်ကုန်တယ်။ လူတွေသန်းချီသေတယ်။ Gavrilo Princip သာ ကော်ဖီဆိုင်ရှေ မရောက်ရင် ။ မင်းသား ကားဒရိုင်ဘာသာ လမ်းကြောင်းပြောင်းရမယ်ဆိုတာသိခဲ့ရင် လူတွေ သန်းချီသေချင်မှသေမယ်ပေါ့။
ဒီအကြောင်းအရာတခုတည်းကြောင့် ဒီလိုဖြစ်တယ်တော့ပြောမရဘူးပေါ့။ Small Initial Changes in nonlinear complex dynamic system တွေက big consequence ဖြစ်နိုင်တာပြောပြတာ။
စိတ်ဝင်စားဖို.ကောင်းတာက Chaos Computing ပေါ့။ နောက်ကျ ဆက်ရန်ပေါ့။
Note
သေချာရှင်းပြဖို. လိုသွားတာ ရှင်းမှ ရှုပ်သွားမှာစိုးလို.သူက Nonlinear(Nonlinear ဆိုတာ a+b*c လို equation မျိုးဆို linear သူ.ကို graph ဆွဲရင် တဖြောင့်ထဲရတယ် sin,cos, exp တွေလိုပါလာရင် nonlinear), Complex (state တွေ variable တွေ အများကြီးပါတယ် တခုနဲ.တခုဘယ်လို ဆက်စပ်နေတယ်ဆိုတာ အသေအချာမသိဘူး)Dynamic (run နေတုန်းမှာ ခုနက variable တွေသည်ပြောင်းသွားနိုင်တယ်) နောက် သူတို.ကို predict လုပ်ရတာခက်တယ် ဒီလို system တွေ model တွေမှာ initial small changes သည် big impact ရှိတယ်ပြောတာ။
Original link=>(https://m.facebook.com/story.php?story_fbid=pfbid0GUwxBAnPHfNPfRf42kHtLCycG4Wnyk7e2wKgXde2SjiDBGkpKNV8o63E12BGijbxl&id=1819241055&mibextid=Nif5oz)