Things Developer Should Aware[Page Breaks]

Technology stack တွေ framework တွေကိုဘယ်လိုရွေးရမလဲ

Project တွေလုပ်ကြပြီဆိုရင် ဒီ Project အတွက်ဘာ techology , framework သုံးရမလဲ ရွေးရတော့မယ်ဆိုပါစို.။ အဲဲဒီအခါကျရင် ဘယ်လိုဆုံးဖြတ်မလဲဆိုတာလေးပေါ့။ ဥပမာ frontend framework တွေရှိတယ်ဆိုပါစို. ဘယ်ကောင်တွေရွေးမလဲပေါ့။

ပထမဆုံး စစဉ်းစားတာ နာမည်ကြီးပြီး community တောင့်တဲ့ကောင်တွေ အရင် ဆွဲထုတ်တယ် ဥပမာ Angular, React, Vue အစရှိသည်ဖြင့်ပေါ့။ ကိုယ်တိုင်သုံးဖူးတာဖြစ်ရင်တော့ ပိုကောင်းတာပေါ့ ဘယ်နေရာ ဘယ်လိုအားသာတယ် ဘယ်အချက်ကတော့ ကောင်းတယ်မကောင်းဘူး သိတာပေါ့ အဲ့လိုမဟုတ်ရင် ဘာတွေ လိုက်ကြည့်ရမလဲ ပေါ၊

ပထမ တချက်က stable ဖြစ်သလားကိုကြည့်တယ် community တောင့်လား resource များများရနိုင်လား documentation, tutotrial, စာအုပ် စာတမ်း အစုံရှိလား နောက် ဒီမှာ team က ငှားရမယ်ဆိုရင် developer က အစရှိလား အဲ့တာတွေ ကြည်ရတယ်။ နောက် ကိုယ့် team ထဲက လူတွေကရော အဲ့ကောင်တွေ နားလည်လား နားမလည်ဘူးဆိုရင် သူတို.နဲ. ဘယ်လောက် စိမ်းလဲ ဘယ်လောက် train မယ်ဆိုရင် အဆင်ပြေနိုင်သလဲ learning curve ကရော ဘယ်လောက်ရှိမလဲဒါတွေ ကြည့်ရတယ်။

နောက်တချက်က ကိုယ်သုံးမဲ့ Project ရဲ. အနေအထားအရ ဘယ်ကောင်တွေ ပိုများလဲ ဥပမာ form handling တွေသိပ်များရင် Angular က ပိုအားသာတယ်။ Mobile ဘက်ပါ ဆက်လုပ်ရမယ်ဆိုရင် React က အဆင်ပြေမယ် ဒါမှမဟုတ် performance အရမ်းလိုတဲ့ list တွေဆိုရင်ပေါ့၊ ကိုယ်သုံးမဲ့ tool က ကိုယ့် project requriement နဲ့ဘယ်လောက်ကိုက်လဲပေါ့၊ Project မှာ ထစ်နိုင်မဲ့ဟာတွေကို အရင် ရှာပြီး အဲ့ဒီ tool က support လုပ်နိုင်မလုပ်နိုင်ကိုပါ ကြည့်ရတယ်၊

နောက်တခုက ကိုယ်က ခုနက tool ကိုမသုံးဖူးသေးဘူးဆိုရင် CRUD ဒါမှမဟုတ် တကယ့် Project ရဲ. အနှစ်သာရကို ခြုံငုံမိတဲ့ function တွေပါတဲ့ ကောင်လေးကို demo prototype ဆောက်ကြည့် learning curve, development curve ဘယ်လောက် ခက်လဲတိုင်းတာလိုရမယ်၊

နောက်တခုက Framework နဲ. library ဆိုရင် framework ကိုပဲရွေးစေချင်တယ်၊ framework ဆိုတာ တခုတည်းမယ် အားလုံး အစုံပါပြီးသား အဲ့တော့ ကောက်သုံးယုံပဲ ဥပမာ Angular, library ကျတော့ အဲ့လိုမဟုတ်ဘူး ဟိုဟာထဲ့ရ ဒီဟာထဲ့ရ အလုပ်ရှုပ်တယ် ဥပမာ React သုံးရင် သူ.တခုတည်းမရဘူး Router, redux အစရှိတာတွေလိုတယ်။ နောက် အဲ့ dependence ဖြစ်တဲ့ library တခုခုကို upgrade လုပ်မယ်ဆိုရင် ကျန်တဲ့ကောင်တွေ လိုက်ညှိရတာ upgrade လုပ်ရတာ conflict ရှင်းရတာရှိတယ် framework ကျတော့ အဲ့ကိစ္စက ပြတ်တယ်

နောက် ကိုယ်မသုံးဖူးတဲ့ technology ဆိုရင် အရင်ကိုယ်သုံးဖူးတဲ့ technology တွေနဲ. ဘယ်လောက်ဆင်သလဲ ကွာသလဲအပေါ်မူတည်ပြီး learning curve ဘယ်လောက်လုပ်ရမလဲ ခန်.မှန်းလို.ရမယ်၊ MVC , MV* ဆိုရင် ကိုအရင်က လုပ်ဖူးထားရင် နောက်ကောင်ကလဲ ဒါတွေပဲဆိုရင် သိပ်မကွာဘူး concept အရ knowledge reuse ပြန်လုပ်လို.ရတယ် ဒီသဘောကိုပြောတာ

နောက်တခုက Github က star တွေ issue တွေသည် true indicator တွေမဟုတ်ဘူး ဆိုချင်တာက angular မှာ issue များနေပေမဲ့သူက function ပိုစုံလို. ပိုများတာဖြစ်နိုင်တယ် React ကျတော့ သေးလွန်းတော့ issue နည်းနေတာလဲဖြစ်နိုင်သလို Open source သမားတွေ တခါတလေလူလည်ကျပြီး issue တွေ မရှင်းပဲ close ထားတာလဲ ဖြစ်နိုင်တယ်

Original Post=>(https://www.facebook.com/thet.khine.587/posts/pfbid02ehKsVsRwZWp7NURcdjMEUPjGSzqkSSAHXdtuvHnBkoQJLPYCriGixxUkAznV2iW4l)

Leave a comment