Things Developer Should Aware[Page Breaks]

Skill ပိုင်းအရ ထူးထူးချွှန်ချွှန်ဖြစ်မလာနိုင်တဲ့ (ဖြစ်လဲမလာတဲ့သူတွေ) လိုက်ကြည့်ဖြစ်တော့ တူတာတွေ သွားတွေ့ရတယ်။

၁ -self responsibility မရှိတာ ဒါက ပညာပဲလေ့လာလေ့လာ အလုပ်ပဲလုပ်လုပ် ဘယ်နေရာဖြစ်ဖြစ်အရေးကြီးတယ်။ မြန်မာ culture ဆိုရမလားပဲ။ ငယ်ငယ်ကတည်းက ဘာမှ ကိုယ်တိုင် ကြိုးစားအားထုတ်ရမယ် ဘယ်သူ့မှ အားမကိုးရဘူး ။ ကိုယ့်ဖို့ ကိုယ်သာလျှင်တာဝန်ရှိတယ်လို့ မခံစားရသမျှ ဘယ်သူကမှ ကယ်လို့မရဘူး။ ဘယ်သူမှလဲ ကယ်နိုင်မယ်မဟုတ်ဘူး။ ကိုယ့်ဟာကိုယ်တောင် မထူနိုင်တာ သူများကထူလဲ ထနိုင်မှာမဟုတ်ဘူး ဒီသဘောပြောတာ။ ဘာမဆို သူများအားကိုးနေတာ တခုခုမှာဖြစ်မလာရင် ကိုယ့်အားနည်းချက်မဟုတ်တာ scape goat လုပ်တာဟာ တော်တော်ဆိုးတယ်။ Messenger မှာလာမေးဖူးတယ် ‌Computer Science လေ့လာချင်တာတဲ့။ အဲ့တာရေးထားတာရှိတယ် ပိုစ့်တွေဖတ်ကြည့်ပေါ့လို ဆိုတော့ ကျနော့်ဘယ်သူကသင်ပေးမှာလဲဆိုပြီး ပြန်မေးတယ်။ ကိုယ်မွေးထားတဲ့သားတောင် အဲ့တာတွေ ကိုယ်ပြန်သင်ပေးမယ်လို့ အာမမခံနိုင်ဘူးရယ်။

၂-‌ နောက်တခုက adaptability မရှိတာ။ ဒါကတော့ အဖွဲ့အစည်း လုပ်ငန်းတခုမှာ ‌နှစ်တော်တော်များများနေခဲ့ပြီးပြီ ရာထူးတခု သက်တမ်းအရပေးထားပြီ။ ဒါမျိုးဆို မလှုပ်မရှုပ်မပြုတ်နဲ့။ ဘာမှလဲထူးပြီးလိုက်မလေ့လာတော့ ကျန်ခဲ့တာကိုပြောတာ။ တသက်လုံး web developer , web stack လောက်ကပဲ တက်မလာမဲ့သူတွေလဲ မြင်ဖူးတယ်။ အဓိက အချက်က ကိုယ်သိတာသည် ပြည့်စုံတယ် လုံလောက်တယ်ထင်တာ။ အဓိက အသက်မွေးလို့ရတယ်။ ကိစ္စမရှိဘူး။ အဲ့တော့သိဖို့လဲ မလိုဘူးထင်တာ။

၃- passion မရှိတာ။တချို့ကျတော့ လူအထင်ကြီးခံချင်တယ် self esteem အရ လူများတွေ လေးစားတာလိုချင်တယ်။ သူများသိတယ်တတ်တယ်ထင်တာခံချင်တယ် ။ အဲ့ထက်ပိုမလာဘူး။ အဲ့တော့ တကယ်သိချင်တတ်ချင်စိတ် မရှိဘူး။ တတ်ချင်တယ်ဆိုတောင် လေ့လာနိုင်ဖို့ စိတ် ဇွဲမရှိဘူး အဲ့တော့ အဲ့ကနေ ဘယ်မှရောက်မလာဘူး။

Originak link=>(https://m.facebook.com/story.php?story_fbid=pfbid02vUVnPpPzzPtN5MEwiJPnd7nh6SuAgLQhaLZX2yDjVBc8jmDFBRGrGxMGyibZEUrel&id=1819241055&mibextid=Nif5oz)

Leave a comment