Things Developer Should Aware[Page Breaks]

(from memory)
Developer တွေကို Group ခွဲချလိုက်ရင် ငါးမျိုးလောက်သွားတွေ.ရတယ်။

၁ Language လဲသေချာမသိဘူး framework လဲသေချာနားမလည်ဘူး မလေ့လာဘူး။ Project တခုရမှ Google ကနေ ရှာတယ် လိုတာထဲ့တယ် copy paste, cargo cult programmer

၂ Language တော့သေချာမသိဘူး။ Framework ကျတော့လဲ သေချာမသိဘူး ။ ဒါပေမဲ့ သက်ဆိုင်ရာ လုပ်ငန်းခွင်က သုံးထားတဲ့ internal framework ကိုသုံးတတ်တယ် အလုပ်လုပ်နိုင်တယ်။ အပြင်တခြားတနေရာရောက်ရင် မလုပ်တတ်တော့ဘူး။

၃ Language ကိုသိပ်မကျေဘူး။ Framework တွေကိုတော့နားလည်တယ် သုံးတတ်တယ်။

၄ Language ကိုလဲနားလည်ပြီ Framework ကိုလဲနားလည်ပြီ design ပိုင်း အားနည်းတယ်။

၅ Language , Framework ,Design , Architecture တွေ နားလည်တဲ့သူ.
အပေါ်ဆုံး ၂ မျိုးက တော်တော်အဆင်မပြေမဲ့ type မျိုး တခါတလေ ဘယ်လိုဖြစ်လဲဆိုတော့ အလုပ်ဆိုတာ ဒီလိုပဲ လုပ်ရတယ်ဆိုတဲ့ mindset ဝင်သွားရင်ပိုဆိုးတယ်။
နံပါတ် ၁ကတော့ programmer လို.ကိုဆိုလို.မရလောက်အောင်မျိုး နံပါတ် ၂ကျတော့ ဆိုင်ရာ အလုပ်ကနေ ထွက်သွားရင် တခြားမှာ အဆင်မပြေတာမျိုး။
တခါတလေ ပြဿနာက ခုမှအလုပ်စဝင်တော့ ကိုယ်က ဘယ်နားဘယ်လိုတွေ နဲ.လုပ်နေလဲ မသိဘူး (ကိုယ်လုပ်တာလဲ မှန်တယ်ပဲထင်နေတတ်တာမျိုး ၁ သမားနဲ. ၂ သမားများဖြစ်လေ့ရှိတာ) အဲ့တော့ Growth မဖြစ်နိုင်တော့ဘူးပေါ့။ဆင်ခြင်လေ့လာနိုင်အောင်ပါ။
နောက်ပြဿနာ တခုက ငါတို.က Project လုပ်နိုင်ပြီ အဲ့တော့ဘာသင်စရာလိုတာလားဆိုတာမျိုး။ သူများတွေတော့မသိ Technology တွေကတော့ ၆ လ တခါလောက် ပြောင်းနေတာ လိုက်မလုပ်ရင် ကျန်ခဲ့တာပဲ။
Organization တွေဘက်ကကြည့်ရင် လူရှားတယ် အဲ့တော့ရှိတဲ့သူ သုံးမယ ်ရေရှည်ဆွဲမထားချင်ဘူး ဒါဆို ၁ ၂ ကိုလုပ်လေ့ရှိတယ်။ Organization ကြီးရင် ၂ ကိုပိုသုံးမယ်။ အဲ့တော့ ရေရှည် အကျိုးဆက်အနေနဲ. လူတော့များလာမယ် skillful ဖြစ်တာနည်းလာမယ်။ တယောက်ချင်း တော်မလာနိုင်ရင် လူတွေ များလာတာပဲ အဖတ်တင်မယ်။

Original link=>(https://m.facebook.com/story.php?story_fbid=pfbid02ZzQ9RkzjR9esH1shYVEkpmrmBZrsqtP3DeHsMjheCRjXrsaALL9LYJyzHz6NYQuZl&id=1819241055&mibextid=Nif5oz)

Developer 5 မျိုးလောက်ရှိတယ်ဆိုတာတင်တော့ language နားလည်တဲ့အဆင့်ဆိုတာ တော်တော်များများပြောကြတယ်။
တကယ်တော့ Language နားလည်တယ်ဆိုတာကိုမှ level တွေခွဲလို့ရဦးမယ်။
၁ ခိုင်းရင်လုပ်တတ်မယ်။ ဥပမာ ဟိုဟာလေးထဲ့လိုက် ဒီဟာလေးထဲ့လိုက်။ Syntax သိတာပေါ့။ ဘာကြောင့်သုံးတယ်ဆိုတာမသိဘူး။ ဥပမာ ဘာလို့ Abstract ကိုလိုတာလဲ ဒါမျိုး။

၂ Semantic ကိုသိတဲ့သူမျိုး။ ဒါကတော်တော်ရှားမဲ့ကိစ္စ ဟိုးအရင်က ကိုယ်မပြောခင် Semantic ဆိုတာဘာလဲဆိုတာမျိုးတောင် သဘောမပေါက်ကြ (ခုမှကြားဖူးနားဝ ကိုယ်ပြောတာတွေကြားဖူးလို့ ဆရာပြန်လုပ်ကြ 😛)

၃ Syntax, Semantic, Pragmatic ကိုသိတဲ့အဆင့် ဒါကျတော့ semantic တင်မကဘူး ၊ ခုနက Why ဘာလို့သုံးတာလဲ အပြင်ကို ဘယ်လိုနေရာမှာ ဘာသုံးလိုက်တာက Pragmatic ပိုကျတယ်ဆိုတာမျိုး။ Language specific implementation pattern, idiom တွေနားလည်လားဆိုတာမျိုး။
၄ Implementation level သိသလားဆိုတာမျိုး။ ဖင်ယားတဲ့ ငတ တကောင် သူသင်နေတဲ့ lanugage မှာ variable တလုံး size ဘယ်လောက်ယူလဲသိလားမေးလိုက်လို့ ဆွံ့အသွားဖူးတယ်။
language feature တွေဘယ်လို implemented လုပ်ထားသလဲသိတာမျိုး။ tradeoff တွေကိုနားလည်တာမျိုး။

၅ Language design ကိစ္စတွေကိုနားလည်တာမျိုး။ ဥပမာ ဘယ် language ဘယ် feature ကဘာလို့အားနည်းတာ။ ဘယ်နေရာကတော့ လွတ်နေတယ်။ Type system ကတော့သောက်တလွဲတွေလုပ်ထားတယ်ဆိုတာမျိုး

Original link=>(https://m.facebook.com/story.php?story_fbid=pfbid02KTjb9D6oxX5mpVoAJy3BzAExgdXKLBKegKDeZJsmWT2YsrDPcMHY6es7rKQSna6ql&id=1819241055&mibextid=Nif5oz)

Leave a comment