အရင်ကတော့ရေးဖူးတယ်ထင်တယ် စာဘယ်လိုဖတ်ဆိုတာ
ခုကတော့ ကိုမသိတဲ့ဘာသာရပ်အသစ် နယ်ပယ်တခုကိုဘယ်လို ချဉ်းကပ်မလဲပေါ့
စာထဲကထုတ်နှုတ်ထားတာတော့မဟုတ် ကိုယ်သုံးတဲ့နည်းပေါ့ အကုန်ကိုက်မယ်လို့တော့ အာမခံဘူး
ပထမဆုံးက ကိုလေ့လာချင်တဲ့အကြောင်းအရာက ဘာလဲဆိုတဲ့ what ကိုလေ့လာပါ ဥပမာ Java ဆိုပါစို့ သူကဘာလဲ programming language ကောင်းပြီ ဒါဆို programming language ကရော ဘာလဲ code တွေရေးပြီး problem solve လုပ်တာ ဒါဆို code ရေးတာကရော ဘာလဲ အဲ့တာက what ပေါ့ဗျာ။ ဒါဆို အဆင့်ဆင့်ဆက်နွယ်နေတာတွေကို ဘာလဲဆိုတာ သိအောင်လုပ်သွားရင် ဆက်စပ်နေတာတွေပါသိမယ်။ Knowledge ဆိုတာ isolation ရှိနေတာမဟုတ်ဘူး တခုနဲ့တခုဆက်စပ်နေတာ အဲ့တော့တခုမသိရင် နောက်ထပ်ဟာတွေမသိနိုင်ဘူး ။ဆပ်စပ်သိတော့မှပိုနားလည်မယ်။
မေးခွန်းတွေမေးပြီး knowledge ကိုရအောင်လုပ်သွားတာ ဒါကို socrates method လို့ခေါ်မလားပဲ
What ဆိုတာလောက်သိရင်နောက်က how ပေါ့ code ရေးတာဘယ်လိုရေးလဲပေါ့ ဒါဆို how ကိုသိဖို့ သူများတွေဘယ်လိုလုပ်ထားသလဲ သင်ယူရပြီ။ ဥပမာ code example တွေကြည့်တာ sample တွေစမ်းကြည့်တာ။ ပထမအဆင့်ကတော့ how က shallow level ပေါ့ ဘာလို့ဆိုတော့ deep level ချက်ချင်းနားမလည်လို့။ ဒါပေသိငါသိထားတာ ဘယ် level ဆိုတာသဘောပေါက်ရမယ် မဟုတ်ရင် ကိုသိထားတာ အကုန်ထင်ပြီး knowledge ကိုထပ်ဆင့် refine မလုပ်တော့ဘူး ရပ်ကုန်ရော။
How ပြီးတော့ သူများတွေဒီလိုရေးတယ် ဒီလိုလုပ်တယ် ဘာလို့လုပ်တာလဲဆိုတဲ့ why ကိုစဉ်းစားရပြီ အဲ့မှာ why ကိုသိဖို့က how ထက်ပိုခက်ပြီ ဘာလို့လဲဆိုတော့ သူက ဒီလိုသုံးသွားတယ် ဘာကြောင့်သုံးလဲဆိုတာ ဆင်ခြင်ရပြီ ဒီလိုအကြောင်းကြောင့်ဒီလို လုပ်တယ်သိရင် မဆိုးဘူး သူများလုပ်တာသိပြီပေါ့
နောက်တဆင့်ကျတော့ why not ပေါ့ ဒီလိုလုပ်ထားတယ် ဟိုလိုကောလုပ်ရင်မရဘူးလား ငါ့နည်းနဲ့ဆိုပိုကောင်းမလား သူ့ထက်ဘာပိုကောင်းမလဲ ဒါကျတော့ ကိုယ်တိုင် ထုတ်ရတဲ့အဆင့်ရောက်ပြီ အဲ့ကျ why not များလေလေ ပိုတွေးရလေလေဖြစ်ပြီ
အဲ့အဆင့်တွေလောက်ကျော်ရင်ရပါပြီ
လက်တွေ့များများလုပ်ရတဲ့အလုပ်တွေဖို့ လက်တွေ့စမ်းကြည့်တာ အကောင်းဆုံးပါ
Theory တွေကျတော့ paper တွေ related work တွေကိုလိုက်ဖတ် အဲ့က method တွေကို implement လုပ်ကြည့် သူတို့တွေ့တာနဲ့ ကိုတွေ့တာ ဘာကွာလဲ ကိုက ဘာထပ်ကောင်းအောင်လုပ်နိုင်မလဲ ထပ်စဉ်းစားပြီး တဖြည်းဖြည်း refine လုပ်ရင်အဆင်ပြေပါတယ်။
Original link=>(https://m.facebook.com/story.php?story_fbid=pfbid0APtWyMK3T1ciaRTD6dprgBBhAqcyzQ9nyUYX2bhLnz7qNXuVojmuaaa9nYaxEKQGl&id=1819241055&mibextid=Nif5oz)