Developer ဖြစ်ဖို့ ဘာတွေ မလိုဘူးဆိုတာမျိုးတွေ့ရလို့။
Computer science မလိုဘူးဆိုတာ မဟုတ်ပါ။
ဆိုချင်တာက CS မလိုတဲ့နေရာမှာလုပ်ရမဲ့ အနေအထားဆိုရင်တော့ဖြစ်နိုင်ပါတယ်။
ဥပမာ application က userbase ဘယ်လောက်မှ မရှိတာမျိုး။ Optimization, Scaling ဘာမှမလိုတာမျိုး။
နောက် သင်္ချာမလိုဆိုတာမျိုး။ သင်္ချာဆိုတာ calculus တွေလိုထိုင်တွက်နေရမှ သင်္ချာလို့ဆိုရမှာမဟုတ်ဘူး။
Daily usage မှာ မမြင်မသိပဲ သုံးနေရတာမျိုး။
အနည်းဆုံး % လေးတောင်မတွက်တတ်လို့တိုင်ပတ်နေရတာမျိုးကျ အဆင်မပြေဘူးပေါ့။
AL/ML လိုကောင်မျိုးတွေသေချာလေ့လာမယ်ဆို မဖြစ်မနေသိရမယ်။
နောက် Computer Graphics, Game programming မှာ algebra, trigo, calculus မသိလို့မရဘူး။
Database လောက်ကို နေ့စဉ်သုံးပြီဆိုရင်တောင် အထဲက Set theory ကိုသုံးနေတာပဲပေါ့။
ကိုယ်ကတာမသိတာမသိတာတပိုင်းပေါ့။
ဥပမာ Functional programming လေ့လာလို့ function, set ဆိုတာလောက်မသိရင် ဘာမှဆက်လုပ်လို့မရဘူး။
Abstract category theory လောက်ကိုအသာထားအဝေးကြီးပဲ။
နောက်တခုက English ဘာညာ သိစရာမလိုဘူးဆိုတာ။
ဗမာလိုရေးထားတဲ့ တရားဖိုး၃ပုဒ် သုံးပုဒ်တရာပဲ ဖတ်မယ်ဆိုရင်သိစရာမလိုဘူး။ori
တလ ၂လ လောက်နဲ့ Subject တခုသိနိုင်သလား။ ကြားဖူးယုံ သုံးဖူးယုံလောက်တော့ သိနိုင်တယ်။
အဲ့တော့ အပေါ်ကဟာတွေ မသိတော့ရော developer ဖြစ်နိုင်လားဆိုတော့ ဖြစ်နိုင်တာပေါ့။
ဒစ်လည်ကောင် developer ဖြစ်နိုင်တယ်။
ကျဉ်းထဲကျပ်ထဲရောက်လို့ stackoverflow သွားကြည့်လို့ အဖြေမရှိရင်ဘာမှမလုပ်တတ်တဲ့ကောင်မျိုးပေါ့။
Original link=>(https://m.facebook.com/story.php?story_fbid=pfbid04xpR1tYLwiXb1vPpmdfHbb9AJPuYEZF3H5KDzNRNhP6XxndAUdziDVrk2gjEvLt1l&id=1819241055&mibextid=Nif5oz)