ဘာလို့ CS, Software Enginnering & deisgn, programming တွေမှာ advanced concept တွေကိုအများအားဖြင့်နားမလည်တာလဲဆိုတာစဉ်းစားမိတယ်။
၁ အချက်က သိသင့်တယ်ဆိုတာမသိတာ။ရှိတာလေးသိတာလေးနဲ့ပျော်နေတယ် နောက်ဒါမျိုးတွေ ရှိမှန်းမသိတော့ သိရကောင်းမှန်းမသိဘူး unknown unknownကိုဖြစ်နေတာ။
အပြစ်မပြောလိုဘူး community အားနည်းတာ ဆရာ၊ သမား စတာတွေက အားနည်းတာ ကိုယ်တိုင်ကလဲအားနည်းတာပေါ့။
၂ တန်ဖိုးရှိလား အသုံးဝင်လားဆိုတာမသိတာ။ ဒါတွေသိရင်ဘာသုံးလို့ရလဲ အသုံးဝင်လားဆိုတာမသိတာ။
၃ လက်ရှိလုပ်နေရတဲ့အလုပ်တွေမှာလဲ မသိလဲရတာ။
၄ လေ့လာဖို့ မလွယ်တာ၊ ဥပမာ design pattern တခု factory ဆိုပါစို့ဘာလို့သုံးလဲ (အဓိက varied object instance တွေဆောက်ဖို့သုံးတာ ဘာလို့ ဆောက်ချင်တာလဲ ဲOCP ကိုလိုချင်လို့ အဲ့မှာ OCP ကဘာလဲ ဘာလို့ OCP ကိုလိုတာလဲ မူရင်း code ကို မပြောင်းပဲ extend လုပ်ချင်လို့ ) inheritance နဲ့ polymorphism ပေါင်းသုံးပြီး extensible ဖြစ်ချင်တာ အဲ့တာမို့ factory သုံးတာ။ အဲ့တော့ ဘာဖြစ်လဲဆိုတော့ ခုနက တခုချင်းဆီကိုသိဖို့ လိုတယ် ၂ ကိုသိဖို့ ၁ ကိိုသိဖို့လိုတယ် အဲ့ကနေ ၁ ကလဲ မသိတော့ ၂ ကိုလဲမသိနိုင်တော့ဘူး။ ကြာတော့မသိချင်တော့ဘူး။ မသိလဲ လက်ရှိမှာဖြစ်နေတာကိုး။
Human resources ကလဲ ရေရှည် ဒီမှာပဲရှိနေကြမှာမဟုတ်ရင် သူများနိုင်ငံမှာကိုယ်တွေလိုမဟုတ်ပဲ competitive ဖြစ်လာရင် ဘာဖြစ်လာမလဲစိတ်ဝင်စားမိတယ်။
Original link=>(https://m.facebook.com/story.php?story_fbid=pfbid02PXWEPYBhvVPkZ5aqeXRLVFyYrG6onpbMY61SvWSHWsLGkVHoKSdGNEXEGqnQ1D6Dl&id=1819241055&mibextid=Nif5oz)