Learning as problem solving.
Developer ဘဝဖို. သင်တဲ့အခါ language တွေ framework တွေ ခနခနပြောင်းတာ အသစ်အသစ်သော နည်းပညာတွေကိုကြုံရမှာပါပဲ။
စာသင်တဲ့အခါ လှေနံဒါးထစ်သင်တဲ့ နည်းကိုဘယ်တော့မှ မသုံးဘူး၊ ဉပမာ ကိုယ်တိုင်က library တွေကို အလွတ်တန်းသုံးနေနိုင်အောင် ဘယ်တော့မှ အလွတ်မရဘူး။
ဆိုပါစို. Angular မှာ http interceptor ဘယ်လိုသုံးတယ် ဆိုတာ သိတယ် ဘာကြောင့်သုံးတယ်ဆိုတာသိတယ် နောက်က concept ကိုသိတယ်။ ဒါဆိုရင် သူ.ကိုဘယ်လို code လုပ်ရမယ် dependency ထဲ့ရမယ်ဆိုတာ မှတ်မထားဘူး။ တပည့်တွေကိုလဲ မမှတ်ခိုင်းဘူး အဲ့တာတွေက Google မှာ ခေါက်ရင် ထွက်လာမဲ့ဟာတွေ။
ဆိုချင်တာက Knowledge မှာ လုံးဝသိထားရမဲ့ core knowledge တွေရှိမယ် အဲ့ကောင်တွေက Concept တွေ theory တွေ သဘောတရားတွေပေါ့၊ မဖြစ်မနေသိရမဲ့ဟာမျိုး ရုတ်တရတ် Google ခေါက်လိုက်တာနဲ. မသိနိုင်တာမျိုးတွေ ဒါတွေက ကိုယ်က မှတ်ကိုမှတ်ထားရမယ်။
ဉပမာ OOP မှာ abstract , interface ဘာကွာတာလဲ ဘယ်လိုသုံးတာလဲ design pattern တွေ principle တွေ core language feature တွေ အဲ့တာတွေက Core knowledge တွေ computer စကားနဲ.ဆိုရင် main memory ပေါ်မှာ တခါတည်းတန်း resident နေရာယူထားရမဲ့ကောင်တွေ။
ခုနက API usage လိုကောင်မျိုးတွေကျတော့ မှတ်စရာလဲမလိုဘူး အမှိုက်လိုပဲ လိုအပ်ရင် ဘယ်နေရာမှာရှိမယ် ဘယ်နားမှာ ရှာလို.ရမယ်ဆိုတဲ့ index ပဲမှတ်ထားဖို.လိုတယ်။ ဒါဆိုရင် အလုပ်လုပ်လို.ရပြီ။
မဟုတ်ရင် ခေါင်းထဲမှာ မလိုတာတွေကို မှတ်ရင်း လိုတာတွေ ဖို. နေရာမရှိတော့ရင် grabage in garbage out ဖြစ်လာမယ်။ efficient မဖြစ်တော့ဘူးပေါ့။
တချို.ကျတော့မဟုတ်ဘူး unnecessary detail ကို ရိုက်ထဲ့နေတာကြီးက အဆင်မပြေဘူး။
Original link =>(https://m.facebook.com/story.php?story_fbid=pfbid02tSyJqHGsqgmSk6FKCxVDNf2xqMqgsBHA75UeiTvtM4E1aDjTkgCraJ94ghiowBdxl&id=1819241055&mibextid=Nif5oz)