Developer တွေ လုပ်ရတဲ့အလုပ်ထဲမှာ up to date technology တွေ framework တွေကို catch up လုပ်ရတာလဲ တခုအပါအဝင်ပေါ့။
ကိုယ်က early bird ဖြစ်ချင်လို. ထွက်သမျှ langauge တိုင်း framework တိုင်း လိုက်လုပ်မယ်ဆိုရင်လဲ အဆင်မပြေတာတွေရှိတယ်။ဥပမာ အကုန်လုံး အချိန်မပေးနိုင်တာမျိုး။
နောက်တခုက ကိုယ်က လုပ်ပြီးမှ အဲ့တာကြီး ကနောက် တက်မလာဘူး သိပ်လဲမသုံးတော့ဘူးဆိုရင် ဂွမ်းပြန်ရော။
ဒီနေရာမှာ လေ့လာတယ်ဆိုတာ ၂ ပိုင်းခွဲလို.ရမယ်၊ ပထမတခုက ပညာရပ်ဖို. သက်သက် သိချင်လို. လေ့လာတာမျိုး။
နောက်တမျိုးကကျတော့ ကိုယ့် professional life မှာ နောက်ပိုင်း အသုံးဝင်ရင်ပိုအဆင်ပြေမယ် ဒါလေး တတ်ထားရင်ပိုကောင်းမယ်ဆိုတဲ့ လက်တွေ.အသုံးတည့်မှု.မျိုးကို ဦးတည်လေ့လာတာမျိုး။
အဲ့မှာ ဘာသွားတွေ.လဲဆိုတော့ technology ဖြစ်ဖြစ် framework ဖြစ်ဖြစ် ဘယ်လောက်ကောင်းကောင်း နောက်က support လုပ်တဲ့ သူကလဲ အရေးကြီးသေးတယ်။
ဥပမာ Angular, React နောက်က Org ကြီးတွေပေါ့။ ဒါနဲ. အကောင်မကြီးတာတွေက ထုတ်တာတွေရော တက်မလာနိုင်ဘူးလားဆိုတော့ တက်လာနိုင်တယ် chance နည်းတယ်၊
ကောင်းတာ မကောင်းတာက သက်သက် (ကောင်းတာမကောင်းတာဆိုတာကလဲ ပညာရပ်ပိုင်းဆိုင်ရာအရလား ဒါမှမဟုတ် developer experience အရ လား ဒါကရှိသေးတယ်)
ဥပမာ Kotlin သည် JetBrain ကထုတ်တာ Google ကနေ android မှာ ကောက်မွေးစားလိုက်လို. အရှင်မွေး နေ.ချင်းကြီးသွားတာမျိုး။
နောက် Rust နဲ. Go မှာဆို Rust သည်ပညာရပ်ပိုင်းဆိုင်ရာ အရ တော်တော်လှတာတွေပါတယ်။ Go ကျတော့ အဲ့လောက် advanced ဖြစ်တာတွေ ဦးစားပေးတာထက် လက်တွေ.အသုံးကျဖို. ပိုရည်ရွယ်တယ်။ နောက် Go နောက်က Google ရှိတယ် ဒါဆို လက်တွေ.မှာ Go သည် တက်လာဖို.ပိုများနိုင်တယ်၊ ဒါမျိုး။
ခုနက ကောင်းတာ မကောင်းတာဆိုတဲ့နေရာမှာ developer အကြိုက်ကလဲရှိသေးတယ်။ Scala သေအောင်ကောင်းလဲ developer တွေ မလိုက်နိုင်ဘူး အော်တယ်။ အဲ့တော့ mainstream ဖြစ်လာဖို. မလွယ်ဘူး ဖြစ်မလာဘူးပေါ့။
များသောအားဖြင့် attentiona span သည် ပိုပိုနည်းလာတဲ့အတွက် အာရုံစိုက်စရာသိပ်မလိုတဲ့ လွယ်တဲ့ langauge တွေသည် ပိုပို တက်လာနေတယ်။ ဥပမာ Kotlin, Python.
နောက် တခုက လူတွေက Standard ဆိုတာကြီးကို သိပ်အာရုံမထားကြဘူး Web Component ဘာညာ ဘယ်ကောင်မှ အဖတ်မလုပ်ရင်အလကားပဲ (ဒီနေရာမှာ context လိုသေးတယ် browser အကုန်လုံး suuport လုပ်တာမျိုး) developer တွေ adopt လုပ်တာမျိုး။
နောက် JavaEE ဘက်က EE standard API တွေလိုမျိုး လူသုံးနည်းတယ်။ အဓိက developer ဖို.သက်သာတဲ့ ကောင် Spring လိုသုံးတာ များတယ်။
ခြုံပြောရရင် သက်တောင့်သက်သာနဲ. အလုပ်ဖြစ်တဲ့ကောင်တွေ ပိုသုံးမယ်။ Support ကောင်းရင် community ကောင်းရင် ပိုသုံးမယ်။
တခုခုလေ့လာမယ်ဆို ချင့်ချိန်နိုင်ဖို.ပါ။
Original link=>(https://m.facebook.com/story.php?story_fbid=pfbid029ThiECUdxvAevx2nGoCg3JMdUX4AdetuCd9Jb5kUbqhXEz8CPrKY3UYXYBq2icwwl&id=1819241055&mibextid=Nif5oz)