How to become self-taught programmer

28 Jan 2017

How to become self-taught programmer

လာလာမေးတယ် စာမဖတ်ဘူး ဒါကြောင့်တချက်ချင်း list လုပ်ပေးလိုက်ပါတယ်။

၁ English စာကို သေစာ ရှင်စာဖတ်တတ်အောင်သင်ပါ။ Programming တော့လေ့လာချင်တယ် ခက်တာက အင်္ဂလိပ်လို မဖတ်ချင်ဘူး။ ဖတ်လဲမဖတ်နိုင်ဘူးဆိုရင် သေချာပေါက် ရှေ.ရောက်မှာမဟုတ်ပါဘူး။ မြန်မာလိုရေးထားတဲ့ စာအုပ်တွေမှာ ရာခိုင်နှုန်းတော်တော်များများက အခြေခံလောက်သာရှိပါတယ် အဲ့တော့ အဆင့်မြင့်မြင့် လေ့လာချင်ရင် English မသိပဲ လေ့လာလို.မဖြစ်နိုင်ပါဘူး။

၂ Google ကိုသုံးတတ်အောင်သင်ပါ။ ကိုလိုချင်တဲ့ resource, IDE, installer ဘယ်လိုရှာရမယ်။ စာအုပ်ဘယ်လိုရှာရမယ်ဆိုတာလောက်ကို Google ကိုသေချာသုံးတတ်ရင်အဆင်ပြေပါပြီ။ တော်ရုံ programming problem လောက်ဆို stackoverflow သွားကြည့်ရုံနဲ.ရပါပြီ။

၃ လေ့လာလို.လွယ်တဲ့ language ကိုအရင်သင်ပါ။ ဥပမာ Java နဲ. C,C++ ဆို Java ကိုလေ့လာပါ ပိုလွယ်ပါတယ်။ Beginner တွေအတွက် အခုနောက်ပိုင်း scripting language တွေ ဥပမာ Python, Ruby, PHP ဆိုလဲ လေ့လာရတာလွယ်ပါတယ် ။ ခက်တဲ့ language ကိုစသင်နေရင် အဆင်မပြေပါဘူး ဒါကြောင့် လွယ်တဲ့ language ကိုအရင်သင်ပါ။

၄ စာဖတ်ပါ။ စာအုပ်စဖတ်တဲ့အခါ ကို.ခေါင်းထဲမှာ ဘာမှရှိတဲ့အတွက် techincal term တွေကို နားလည်မှာမဟုတ်ပါဘူး။ဒါကြောင့် တရာဖိုးသုံးပုဒ်တွေ အရင်ထဲ့ရပါလိမ့်မယ်။ ဥပမာ learn Java in 24 hour တို.ပေါ့ဗျာ။. လွယ်တဲ့စာအုပ် ကိုနားလည်တဲ့စာအုပ်ကနေစဖတ်လို.ပြောချင်တာ။ ဒါပေမဲ့ ကိုဖတ်နေတဲ့စာအုပ်ရဲ. level , technical depth ကိုလဲသိအောင်လုပ်ပါ။ ဆိုချင်တာက learn 24 hour လောက်နဲ. အကုန်သင်ပြီးပြီး ထင်ပြီး စဆရက ဖြစ်သွားလို. နောက်စာအုပ်တွေ မဖတ်မှာစိုးလို.ပါ။ ကိုနားလည်တဲ့စာအုပ်တွေ အရင်ဖတ်ပြီးမှ နောက်ထပ် အဆင့်မြင့်တဲ့စာအုပ်တွေကို ဖတ်ပါ refine လုပ်ပါ။

၅ Code ရေးပါ။ programming သင်တယ်ဆိုတာ code ရေးနိုင်ဖို.ပါပဲ။ စာချည်းပဲထိုင်ဖတ်နေလို. အဆင်မပြေပါဘူး။ ပထမတော့ စာအုပ်ထဲပါတဲ့ program လေးတွေရေးမယ် ။နောက် exercise လေးတွေရေးမယ်။ နောက် ကိုယ်တိုင် စဉ်းစားပြီးရေးမယ် ဒီလိုနည်းနဲ. problem solving ကိုပိုကောင်းအောင် လုပ်ပါ။ နောက် သူများတွေရေးထားတဲ့ (အဆင့်မြင့်တဲ့ open source code) တွေကိုဖတ်ပါ။ စုတုပြုပေါ့။

၆ Language ကိုသင်တာ syntax လောက်နဲ.ရပ်မနေပဲနဲ. semantic, pragmantic လောက်ထိနားလည်အောင်လုပ်ပါ။ Computer Science ကိုတတ်နိုင်သလောက်လေ့လာပါ။ Software engineering ကိုလေ့လာပါ။ Programming ဆိုတာ API တွေ framework တွေသုံးတာကို ခေါ်တာမဟုတ်ဘူးဆိုတာကိုလဲသဘောပေါက်ပါ။

၇ တကယ်လက်တွေ.လုပ်တော့မယ်ဆိုရင် API တွေ framework တွေ သုံးရမှာပါပဲ။ အဲ့ကောင်တွေကိုလဲလေ့လာရမယ်။ ဒါပေသိ အဲ့ဒါတွေသုံးတတ်နေတာလောက်နဲ. ပျော်မနေနဲ.လို.ဆိုချင်တာပါ။ CRUD လောက်နဲ.သာယာမနေနဲ.လို.ပြောချင်တာ။

၈ ကိုယ်တိုင် project တွေရေးကြည့်ပါ။ Open source project တွေလုပ်ကြည့်ပါ။ အခုရေးလိုက်တဲ့ Project က ဘာတွေပိုသိလဲ နောက် Projecct ကဘာတွေပိုသိလဲ ဘာတွေတိုးတက်လာလဲ သိအောင်လုပ်ပါ။ CRUD နဲ.ဒီ project လဲဒါပဲ နောက် Project လဲ ဒါပဲဆိုရင်တော့ မြန်မာကားထဲက ပြေတီဦးပြောသလိုပဲ လူဆိုး ကာရိုက်တာနဲ. တူသွားအောင် နှုတ်ခမ်းမွှေးလေး ထားလိုက်တယ်ပေါ့နော် ဆိုသလိုဖြစ်နေပါမယ်။

၉ Programming language တခုတည်းကိုပဲ မလေ့လာပါနဲ. Paradigm မတူတဲ့ language တွေ problem solve လုပ်တာမတူတဲ့ language တွေကိုလေ့လာပါ။ Framework တွေ library source code တွေကိုဖတ်ပြီး သူများတွေ ဘယ်လိုရေးထားတယ်ဆိုတာကိုလေ့လာပါ။

၁၀ Programming ကို Master အဆင့်နားလည်တဲ့သူတွေဟာ သူတို.ကိုယ်တိုင် language ကိုတည်ဆောက်နိုင်သူတွေ system programmer တွေပါပဲ။ အဲ့တော့တတ်နိုင်ရင် ကိုယ်ပိုင် language ကိုပါဆောက်နိုင်အောင် ကြိုးစားပါ။ မဆောက်နိုင်ရင်တောင် အဲ့လို language တွေဘယ်လိုတည်ဆောက်ထားတယ်ဆိုတာ သိရင် programming skill ပိုတတ်လာပါလိမ့်မယ်။

၁၁ Be passionate ကို လုပ်နေတဲ့အလုပ်ကို စိတ်၀င်တစားနဲ. ဝါသနာကြီးကြီး မလုပ်သရွေ. ဘယ်အရာမှ မဖြစ်ထွန်းဘူး။ အမြဲတမ်းလေ့လာပါ Community တွေ၀င်ပါ(ဓာတ်ပုံသွားရိုက်ခိုင်းနေတာ မဟုတ်ဘူး ) Up to date ဖြစ်နေအောင်နေပါ။

Original link

crd=>(https://m.facebook.com/story.php?story_fbid=pfbid02ZAYnMaqRDAEotvE1p8qHRv3ZJGGyojmb6Xd3usmz7Vs4LGcf3tFQXGn3YMZ9VpAMl&id=1819241055&mibextid=Nif5oz)

Leave a comment