How does the Internet work?( Dummy Bird Eye View)

How does the Internet work?( Dummy Bird Eye View)

(JavaSE တန်းမှာ network programming အကြောင်းသင်တော့ အင်တာနက် ဘယ်လိုအလုပ်လုပ်သလဲဆိုတာ သိဖို.လိုလို.သင်ပြီးရေးဖြစ်တာ )

Internet ဘယ်လိုအလုပ်လုပ်သလဲပေါ့။ ကျွန်တော်တို.သုံးနေတဲ့ facebook, web, email အစရှိတာတွေ ဟာ အင်တာနက်ရဲ. တစိတ်တပိုင်းပေါ့။ အင်တာနက်ဆိုတာ network of computer တွေ ချိတ်ဆက်ထားတာ ကိုဆိုတာပါ။ ဒါမို. interconnected network ကနေ ပြီး internet ဆိုပြီးပေးထားတာပေါ့။

နားလည်လွယ်အောင် ပြောရရင် ကွန်ပျူတာ network တွေ တခုနဲ.တခုချိတ်ဆက်တော့မယ်ပေါ့။ Network တွေကို ခနဖယ်ပြီး Computer ၂ လုံးချိတ်မယ်ဆိုရင်တောင် ခုနက ပြောတဲ့ internet ရဲ. concept တွေက သုံးရပါတယ်။ ဒါတင်မကသေးပဲနဲ. Operating System ထဲမှာ process အချင်းချင်း ဆက်သွယ်ဖို.လဲ TCP/IP stack ကိုသုံးပါတယ်။

ကွန်ပျူတာ ၂ လုံး ချိတ်ပြီး ဆက်သွယ်ဖို.ဆိုရင် ဘာပြဿနာအရင်တက်မလဲဆိုတော့ တလုံးက Window, တလုံး က Linux ဖြစ်ပြီဆိုပါစို. ဒါဆိုကွန်ပျူတာ ၂ လုံးသည် သုံးတဲ့ byte order တူချင်မှတူမယ် encoding တူချင်မှတူမယ်။ ဥပမာ ဗြိတိန်တွေက English သုံးသလို ဗမာတွေက မြန်မာစာကိုသုံးမယ်ပေါ့။

အဲ့တော့ ကွန်ပျူတာ ၂ လုံး ကြားနားလည်အောင် စည်းမျဉ်းလေး တော့လိုတယ်ပေါ့ နောက် အဓိက က data transfer လုပ်မှာဆိုတော့ ဟိုဘက် ဒီဘက် ပို.မဲ့ message တွေရဲ. format တွေ ဘယ်လို encode လုပ်သလဲဆိုတွေ သဘောတူထားဖို.လိုတယ်။

အဲ့တာကို Protocol လို.ခေါ်တယ်။ အဲ့တော့ ကွန်ပျူတာ ၂ လုံးသည် ဘာအမျိုးအစား ဘယ်လို OS ကိုသုံးသုံး ၂ ခုလုံးကလက်ခံထားတဲ့ Protocol နဲ.သုံးမယ်ဆိုရင်ဆက်သွယ်လို.ရပြီ။ အဲ့ Protocol မှာလဲ programming language တွေမှာ machine language, assembly langauge, high level langauge ဆိုပြီး အဆင့်ဆင့် abstraction တွေနဲ.ဆင့်ထားသလို protocl တွေမှာ လဲ ဟိုးအောက်ဆုံးက အဆင့်ဆင့် လိုငုံပြီး တည်ဆောက်ထားကြပါတယ်။ အဲ့တာကို TCP/IP protocol stack လို.ခေါ်ပါတယ်။

Application level program တွေဖြစ်တဲ့ ဥပမာ Web Application, Email အစရှိတာတွေကျတော့ low level protocol တွေကိုမသုံးတော့ပဲ application level protocol ဖြစ်တဲ့ TCP ကိုသုံးတယ်ပေါ့။ HTTP,SMTP သည် TCP အပေါ်ကနေသွားတာပေါ့။

HTTP အကြောင်း ကဒီမှာရေးထားတယ်, https://www.facebook.com/thet.khine.587/posts/10215548901195179

ခုနက Protocol တော့ရပြီ ဒီဘက်ကွန်ပျူတာကနေ ဟိုဘက်ကွန်ပျူတာကိုပို.မယ်ဆိုပါစို. data တွေကများရင် တခါတည်းပို.လို.အဆင်မပြေဘူး။
Data ကို protocol format အတိုင်း ဝင်အောင် အပိုင်းလေးတွေပိုင်းလိုက်တယ် နောက်ပြီး protocol format အတိုင်း messsage ကိုတည်ဆောက်တယ်။ အဲ့ message unit ကို packet လို.ဆိုကြပါစို.။

Packet တခုထဲ protocol အလိုက် message content ပါသလို တခြား meta data ပါတယ်။ ဥပမာ ဟိုဘက်ကွန်ပျူတာကိုပို.မယ်လို.ပြောမရဘူးပေါ့။ အဲ့တော့ ဘယ်ကိုပို.မှာလဲဆိုတဲ့ လိပ်စာလိုတယ်။ အဲ့တာကို Internet မှာတော့ IP address လို.ဆိုတာပေါ့။

ဒီလိုပေါ့ 142.250.72.238 လေးပိုင်းပါတယ် IPv4 format နဲ.ပေါ့။ ခုနက ကောင်က http://www.google.com ဆိုတဲ့ domain ကိုရည်ညွန်းတာ။ နံပါတ်တွေက တော့ကွန်ပျူတာတွေဖို အဆင်ပြေမဲ့ လူဖို.ကျတော့ ဘယ်အဆင်ပြေမလဲ ၊ အဲ့တော့ အင်တာနက်လိပ်စာ IP adress အစား descriptive ဖြစ်တဲ့ domain name (eg google.com) လိုမှတ်လို.ရရင် အဆင်ပြေတာပေါ့။ အဲ့တော့ အဲ့အလုပ် Domain Name နဲ. IP တွဲမှတ်ပေးတဲ့ကောင်ကို ဘာလို.ခေါ်လဲဆိုတော့ DNS(Domain Name Service ) လို.ခေါ်တယ်။ ကျနော်တို.က browser မှာ http://www.google.com လို.ရိုက်လိုက်ရင် DNS ကိုလှမ်းပြီး google.com ကနေ IP ရအောင် ပြောင်းရတယ် အဲ့ကနေမှ Packet ထဲကို ပို.ရမဲ့ address ဆိုပြီးထဲ့ပေးရတာ။

Packet လေးတွေက စာအိပ်လေးတွေပေါ့ တအိပ်ချင်း သွားနိုင်ကြတယ်ဆိုပါစို.။ ကျွန််တော်တို.က ရပ်ကွက်ထဲကနေ ကားလမ်းမပေါ်တက်တဲ့အခါကြရင် လမ်းမကြီး ကို တက်ရတယ်ပေါ့။ ခုနက Packet တွေကလဲ LAN ကနေ WAN ကိုရောက်ပြီဆိုပါစို. ။ ဒါဆို လမ်းဆုံ လမ်းခွလို နေရာတွေ ရောက်ရောဆိုပါစို. ဥပမာ မြန်မာပြည်ကနေ အမေရိကကို တိုက်ရိုက် တန်းပို.လို.မရဘူး ကြားမှာ ဂိတ်တွေလိုကောင်တွေရှိတယ်ပေါ့ မီးပွိုင့်တွေလို လမ်းတွေ ဘယ်သွားလို.ရတယ်ဆိုတာရှိတယ်ဆိုပါစို. ။

အဲ့လမ်းက လမ်းခွက ကောင်တွေကို ဘာလို.ခေါ်လဲဆိုတော့ Router လို.ခေါ်တယ်။ သူတို.က ဘာလုပ်တာလဲဆိုရင် packet လေးကို မင်းကဘယ်သွားမှာလဲ အော် အမေရိကန်သွားမှာဟုတ်လား ဒါဆို ဒီလမ်းက သွား
သူက နည်းနည်း လမ်းသိပ်မကျပ်ဘူး။ လမ်းကျပ်နေရင် ဒီဘက်ကနေသွားဆိုပြီး ညွန်ပေးတာဆိုပါစို.။ Router တခုက သူက အမေရိကန်ပြည်နယ် တခုကိုမသိလဲ အမေရိကန်ရောက်အောင်သွားတဲ့ လမ်းတော့ ညွန်နိုင်တာပေါ့ အဲ့တာတွေကို သူတို. Routing table မှာ မှတ်ထားကြတယ်။

နောက် အမေရိကန်ရောက်မှ သူတို. local router ( ရွာခံမေးပြီး ဘယ်နားက ဘယ်ဆက်သွားရမလဲ ဆက်မေးပေါ့)အဲ့လိုနဲ. ဟိုဘက်ရောက်ပြီဆိုပါစို./

ဒီမှာကျန်ခဲ့တာ ကွန်ပျူတာမှာ IP တင်မကဘူး သူက အိမ်တအိမ်ဆိုပါစို. လူတွေ အများကြီးရှိတာ အိမ်နံပါတ်ပြောရုံနဲ.မရဘူး ဒီအိမ်က ဘယ်သူ.ဆီ လာပို.တယ်ဆိုတာမျိုးပါ ပြောရမယ် (အတန်းရှည်ကြီးနဲ. စတီဗင်ချောင်ကားထဲက စုပြွတ်နေတဲ့ တိုက်ခန်းတွဲလိုကောင်မျိုးလို.မြင်ကြည့်) အဲ့မှာ Protocol ရယ် နောက် port ရယ်ပြောရမယ်ပေါ့။

ဥပမာ Web ဆို Protocol သည် TCP (HTTP), port သည် default 80 နဲ.သွားတယ်၊ ကြားထဲမှာ TCP ကနေ package တွေ မပျောက်အောင် ဟိုဘက်ဒီဘက် handshake လုပ်ပြီး ဟေ့ရောင်ငါ packet 1 ပို.လိုက်တယ် ရောက်လား ရောက်ရင် အကြောင်းပြန်ဆိုတာမျိုး လုပ်သေးတယ်။

ဆိုပါစို.ဟိုဘက်ကို packet ရောက်ရင်အဲ့ package လေးတွေကို OS ရဲ. TCP/IP stack အကူညီနဲ.ပြန်ဆီ ပြီးတော့ လိုအပ်တဲ့ application ဆီကိုပို.ပေးရတယ်။ အဲ့လိုနည်းနဲ. user program တွေဆီ data ရောက်လာတယ်ဆိုပါစို.။

Original link =>(https://m.facebook.com/story.php?story_fbid=pfbid02ToBy7JokkS1NFwDugiTexxhmfK8npTSYd7D7EymBhyMYyBuf9VVRizsSsN9TyEsSl&id=1819241055&mibextid=Nif5oz)

2 thoughts on “How does the Internet work?( Dummy Bird Eye View)”

Leave a comment