ပညာရေးလမ်းကြောင်းတွေ ပိတ်ဆို့နေတဲ့ ကာလကြိီးမှာ တက္ကသိုလ်ဆက်မတက်ချင်တဲ့သူတွေအတွက် တစ်နှစ်လောက်ကြိုးစားလိုက်ရုံနဲ့ နိုင်ငံခြားကုမ္ပဏီတွေမှာ Professional Software Engineer အလုပ်ရနိုင်တဲ့ လမ်းကြောင်းလေးတစ်ခုပြပေးချင်ပါတယ်။ အခုကိုယ်တိုင်လည်း အဲ့လမ်းကြောင်းပေါ်ရောက်နေပါတယ်။
လက်လှမ်းမှီသလောက် ကျွန်တော်တွေ့ခဲ့တာတွေကတော့ ပိုက်ဆံရှိရင်ရှိ မရှိရင် Degree တစ်ခုခုရှိမှ အလုပ်တွေ နိုင်ငံခြားကျောင်းတွေက လက်ခံကြတာပါ။
အခုလိုကာလမှာ စိတ်ဓာတ်ပြင်းထန်ပြီး ကျောင်းပြန်မတက်တဲ့ သူတွေအတွက်ကတော့ Degree ဆိုတာကြီးကိုရဖို့ လမ်းမမြင်တော့ပါဘူး။ ရရင်တောင် နိုင်ငံတကာအဆင့်မမှီပါဘူး။ အဲ့ Degree နဲ့ ချီးတွင်းထဲမှာပဲပျော်လို့ရပါတယ်။
အခုကျွန်တော်ပြောပြမယ့်လမ်းကြောင်းကတော့ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်အရည်အချင်းအစစ်ကို ဖန်တီးလိုသူများအတွက်သာဖြစ်ပါတယ်။
အကျဥ်းချုပ်
⏱ Time – အများဆုံး 1 နှစ်
💵 Cost – ကိုယ့်လစာရဲ့ 15% ကို $15000 ပြည့်တဲ့အထိ (အလုပ်ရမှ အချက် ၂ ချက်နဲ့ကိုက်ညီမှ)
👨💻 Position – Software Engineer (Full Stack Developer)
🏞 Location – Remote or Relocation
အကျယ်
Basic Programming knowledge ရှိပြီးသားသူတွေက Step 1 ကိုကျော်သွားလို့ရပါတယ်။
✅ Step 1 – Learn Basic HTML, CSS, JavaScript
Youtube channel တွေကနေ HTML, CSS, JavaScript course တွေလေ့လာပါ။
Recommended – The Net Ninja channel (https://youtu.be/hu-q2zYwEYs) ကနေ အောက်ပါ Course တွေလေ့လာပါ။
1. HTML & CSS course
2. Object Oriented JS
✅ Step 2 – Join Microverse (https://www.microverse.org/?grsf=5aigdj)
Microverse ဆိုတာ US အခြေစိုက် Software development training school ဖြစ်ပါတယ်။ ကိုယ်အလုပ်မရမချင်း သူ့ကိုခြူးတစ်ပြားမှပေးစရာမလိုပါဘူး။ (Programming knowledge လုံးဝမရှိတဲ့သူတွေကတော့ Level up program ကနေစရပါတယ်။ ၁၀ လကြာပါမယ်။ ဒါပေမယ့် အပေါ်က Course တွေကိုလေ့လာလိုက်ရင်တော့ တကယ်ကြိုးစားရင် အလွန်ဆုံး ၁ လတောင်မကြာပါဘူး။ Level Up ကနေစပြီး ၁၀ လအချိန်ကုန်ခံစရာမလိုတော့ပါဘူး။)
အရင်ဆုံး ဒီ Link ကနေ Register လုပ်ပါမယ်။ (https://www.microverse.org/?grsf=5aigdj)
Level up ကို မ Join တော့ပဲ Challenge တန်းဖြေပါ။
1. JavaScript Challenge 4 ခု ဖြေရပါမယ်။ အဲ့လောက်ကြီးမခက်ပါဘူး။ Challenge အောင်ရင်…
2. International က Student 3 ယောက်နဲ့ ကိုယ့်ကိုတွဲပေးပါမယ်။ တစ်ယောက်ချင်းစီနဲ့
– Project 1 ခု
– JavaScript Challenge 2 ခုလုပ်ရပါမယ်။
၄ နာရီဝန်းကျင်ကြာပါတယ်။ အောင်သွားရင်…
3. Hireflix ကနေ Interview ဖြေပါမယ်။ Recorded interview ဖြစ်လို့ အဲ့လောက်ကြီးစိတ်လှုပ်ရှားစရာမလိုပါဘူး။
💯 ပြီးတာနဲ့ Microverse Student ဖြစ်ပါပြီ။ 🎉
📕 Monday to Friday Full time လေ့လာရမှာဖြစ်ပါတယ်။ နိုင်ငံတကာကကျောင်းသားတွေနဲ့တွဲပြီး စာလေ့လာလိုက် Project တွေလုပ်လိုက် လုပ်ရမှာပါ။ ဘာ Lecture မှပေးမှာမဟုတ်ပါဘူး။ ပေးထားတဲ့ Resource တွေကို Deadline အမှီလုပ်ရမှာပါ။ JavaScript နဲ့ Ruby ကို အဓိကထားသုံးပါတယ်။ Course မှာ စုစုပေါင်း Module 7 ခုရှိပါတယ်။ Module 7 ခုလုံးပြီးတာနဲ့ Frontend, Backend, Api တွေအကုန်ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်သွားမှာဖြစ်ပြီး Professional Full Stack Developer တစ်ယောက်ဖြစ်အောင် Training ပေးမှာပါ။
Main Stack တွေက React and Ruby on Rail ပါ။
👨🏫 သင်ရိုးပြီးသွားတာနဲ့ ကိုယ့်ကို Career coach assign ပေးမှာပါ။ Carrer coach ကကိုယ့်ကို International REMOTE or RELOCATION job ရအောင် Job hunting ပိုင်းမှာ သိသင့်တာတွေ အကုန်သင်ကြားပေးမှာပါ။ ဘယ်ကုမ္ပဏီတွေက ဘယ်လို Interview မေးခွန်းတွေမေးလေ့ရှိတယ်။ ဘယ်လိုပြင်ဆင်သင့်တယ်။ လစာကိုဘယ်လိုညှိနိုင်းရမယ်။ အစရှိသဖြင့် Professional Developer တစ်ယောက်သိသင့်သိထိုက်တာတွေအကုန်သင်ပေးမှာပါ။
Microverse မှာ Professional CV ရေးပေးတဲ့ Team ကလည်းသပ်သပ်ရှိပါတယ်။ ကိုယ့်အတွက် Professional CV တစ်ခုရေးပေးမှာပါ။
👨🎓 Module တစ်ခုပြီးတိုင်း Certificate တစ်ခုပေးမှာဖြစ်လို့ ဘွဲ့ကိစ္စလည်း ပူစရာမလိုတော့ပါဘူး။ Microverse Certificate ဆိုတာ ဒီနိုင်ငံက ဘွဲ့ထက်အများကြီးအဆင့်မြင့်ပါတယ်။ International Standard Certificate ပါ။
❗ သိထားရမှာတစ်ခုက Microverse သင်ရိုးက ဒီနိုင်ငံက ပညာရေးစနစ်လို အလွတ်ကျက်စနစ်မဟုတ်သလို အဆင်သင့်ခူးကျွေးထားတာကို ခပ်စားရုံလေးမဟုတ်ပါဘူး။ တကယ်အလုပ်လုပ်ရပါတယ်။ Full time commitment ပေးရပါတယ်။ မလိုက်နိုင်လို့ Block တွေ Module တွေမှာကျရင် Repeat ပါတယ်။ Microverse မှာ ကျောင်းထုတ်တယ်ဆိုတာမရှိပါဘူး။ ကျရင်ကျသလောက် ပြန်ပြန်တက်လို့ရပါတယ်။ အဲ့တာကြောင့်အများစုက ၁၀ လဝန်းကျင်နဲ့ အလုပ်ရပါတယ်။ ကိုယ်ကျရင်ကျသလောက် အချိန်ပိုကြာသွားမှာပါ။ အဲ့တာကြောင့် ၁ နှစ်ဝန်းကျင်လို့ ခန့်မှန်းလို့ရပါတယ်။
💵 ဒီလောက်ကောင်းတဲ့ Education and Career Service အတွက် သူတို့ကိုဘယ်တော့မှ ပိုက်ဆံပေးရမှာလဲဆိုရင် Module အားလုံးပြီးလို့ အလုပ်ရတဲ့အခါ
1. Software နဲ့ပတ်သက်တဲ့ အလုပ်ဖြစ်ရမယ်။
2. တစ်လကို US Dollar 1000 အထက်ရရမယ်။
အဲ့ Requirement 2 ခုနဲ့ကိုက်ညီမှ ကိုယ့်လစာရဲ့ 15% ကို $15000 ပြည့်တဲ့အထိပေးရမှာပါ။ ပြည့်သွားလည်း သူတို့ဆီကနေ Support and connection ကို Lifetime ဆက်ရနေဦးမှာပဲဖြစ်ပါတယ်။
အဲ့တာကြောင့် ဒီနိုင်ငံကလမ်းပျောက်နေတဲ့ လူငယ်တွေအတွက် အာမခံချက်ပေးနိုင်တဲ့ အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ တချို့အချက်တွေက စာရှည်မှာစိုးလို့ထည့်မရေးတော့ပါဘူး။ ထပ်သိလိုတာရှိရင် Chat box မှာလာမေးလို့ရပါတယ်။
လာမယ့် အပတ်ထဲ အသေးစိပ်လေးတင်ပေးဖို့ရှိပါတယ်။ လေ့လာပုံတွေရော အခက်အခဲကျော်ဖြတ်ပုံတွေရော ရေးပေးပါမယ်။ လုပ်ဖြစ်သည်ဖြစ်စေ မလုပ်ဖြစ်သည်ဖြစ်စေ စိတ်ဝင်စားတယ်ဆိုတာနဲ့ တန်းပြီး Register ထားလိုက်တာတော့ မမှားပါဘူး။
Start your journey here. 👇
https://www.microverse.org/?grsf=5aigdj
Continue reading…
After joining Microverse…
https://m.facebook.com/story.php?story_fbid=1513477245738894&id=100012298983599
Zero to Full Time remote job
https://m.facebook.com/story.php?story_fbid=1669331266820157&id=100012298983599&mibextid=Nif5oz
Update – Mar 18, 2023
MV ကို Join ချင်တဲ့သူတွေကို ကူညီဖို့သီးသန့် Group လေးဖွဲ့ထားပါတယ်။ Join ချင်ရင် CB ကနေလာပြောပေးပါ။ Comment ပေးခဲ့လို့လည်းရပါတယ်။
Original link
After joining Microverse
English skill❗
ကျွန်တော်စစဝင်ချင်းကတော့ မြန်မာဆိုလို့ကျွန်တော်တစ်ယောက်ပဲရှိပါတယ်။ မြန်မာကိုသိတဲ့လူသိပ်မရှိကြလို့ တော်တော်မိတ်ဆက်ရပါတယ်။ ဒါပေမယ့် DASSK လို့ပြောလိုက်တာနဲ့ ဟိုးခနဲ့ ဟင်းခနဲဖြစ်သွားပြီး သိပ်ရှင်းပြစရာမလိုတော့ပါဘူး။
အဲ့တာကြောင့် English skill အတော်အသင့်လိုပါတယ်။ အရမ်းမွှတ်နေစရာတော့မလိုပါဘူး။ ကိုယ်ပြောတာသူနားလည် သူပြောတာကိုယ်နားလည်တဲ့အဆင့်လောက်ဆိုရပါပြီ။ ဒါဝင်ဖို့ဆိုပြီး Speaking class အရင်တက်လိုက်ဦးမယ်လို့တော့မလုပ်စေချင်ပါဘူး။ Microverse လုပ်နေရင်းနဲ့ အားတဲ့အချိန် Speaking တက်တာကိုတော့ ကျွန်တော့်အနေနဲ့ ပိုသဘောကျပါတယ်။
Electricity ❗
မီးပျက်တဲ့ ကိစ္စကိုတော့ Inverter နဲ့ဖြေရှင်းကြည့်ပါ။ ဒါပေမယ့် Time management လုပ်တတ်ရင် လုပ်တတ်သလို မီးပြဿနာသိပ်မရှိပါဘူး။
Full time commitment ပေးရမှာမို့လို့ တော်တော်လေး Serious ထားရမယ့်ကိစ္စပါ။ ပေါ့ပေါ့တန်တန်တွေးလို့တော့မရပါဘူး။
အောက်မှာ ပုံတစ်ပုံချင်းစီနဲ့ အသေးစိပ်ရေးပေးထားပါတယ်။
အရင်က Programming experience ရှိပြီးသားဆို သူတို့ Procedure အတိုင်း Requirement တွေကို သတိထားပြီးလုပ်ရင် အဲ့လောက်မပင်ပန်းပါဘူး။
ကျွန်တော့်အနေနဲ့တော့ စစဝင်ချင်း Procedure တွေမသိလို့ တော်တော်ခက်ပါတယ်။ နောက်ပိုင်းတဖြည်းဖြည်းနဲ့ လွယ်လာပါတယ်။ ဒီအပတ်ဆို ကျွန်တော် အလုပ်လုပ်တဲ့အချိန်သိပ်မရှိပါဘူး။ အင်္ဂါနေ့ကဆိုလည်း တစ်နေကုန်မီးပျက်လို့ စိတ်လည်း မပါလို့မလုပ်ဖြစ်ပါဘူး။ ကျန်တဲ့နေ့တွေလည်း အပြင်သွားစရာတွေရှိနေလို့ အလုပ်လုပ်ချိန်သိပ်မရှိပါဘူး။ ဒါပေမယ့် ကြာသပတေးညမှာပဲ Task 99% ပြီးပါတယ်။
Schedule ကိုအောက်မှာရေးထားပါတယ်။ ဒါပေမယ့် Schedule အတိုင်းမလုပ်ပဲ ကြိုလုပ်ထားတာပိုကောင်းပါတယ်။ စောစောပြီးလေ စောစောနားရလေပါပဲ။ ကျွန်တော်ဆို ပုံမှန် Wed night or Thurs evening မှာ Block task တွေအကုန်ပြီးအောင်လုပ်လေ့ရှိပါတယ်။ ဒါကကိုယ့်သဘောပါပဲ အဆင်ပြေသလိုလုပ်လို့ရပါတယ်။
❗ အောက်ကပုံတွေကိုဆက်ဖက်ကြည့်ပေးပါ။ အသေးစိပ်ရေးထားပါတယ်။ Link တွေလည်းပါပါတယ်။
Zero to Full Time Remote Job
Microverse program ထဲမှာနေရင်း အဲ့မှာခင်သွားတဲ့သူတွေနဲ့ Whatsapp Group လေးတွေဖွဲ့ပြီး မကြာခဏဆိုသလို စကားပြောဖြစ်တယ်။
အရင်အပတ်က lazyCoders ဆိုတဲ့ Group ထဲက အသိ ၂ ယောက် Software Developer အလုပ်ရသွားတာလေးကြားရတော့ဝမ်းသာမိပါတယ်။ Program ပြီးကတည်းက ကျွန်တော်အပါအဝင် အလုပ်ရတဲ့သူတွေကအများကြီးပါပဲ ဒီတစ်ခါမှကျွန်တော်ဘာလို့တင်လဲဆိုတော့ သူတို့ Background သိလို့ပါ။ သူတို့ ၂ ယောက်ဟာပုံမှန်ဆို အလုပ်ရနိုင်ချေ အနည်းဆုံးဖြစ်တဲ့သူတွေပါ။
Piesie က အသက် ၂၀ ဝန်းကျင်ပဲရှိပါတယ်။ Chemical engineering student ပါ။ အသက်ငယ်ပေမယ့် တကယ်ကြိုးစားပါတယ်။ Program က Task တွေကို ကြိုလုပ်တယ်။ Program မှာမပါတဲ့ Side project တွေလည်း လုပ်ပါတယ်။ Communication လည်းအရမ်းကောင်းသလို ခင်ဖို့လည်း တော်တော်ကောင်းပါတယ်။
Oyin က Announcer လုပ်သက် ၅ နှစ်ကနေ Career ပြောင်းလာတာပါ။ မိန်းကလေးလည်းဖြစ်ပါတယ်။ (ဒီမှာကျွန်တော် Gender ခွဲခြားတာတော့မဟုတ်ပေမယ့် Software developer position အတွက် Recruiter တွေအနေနဲ့ Male တွေကိုပို Prefer ဖြစ်ပြီး အလုပ်ခန့်လေ့ရှိတာ Market နဲ့ရင်းနှီးသူတိုင်းသိမှာပါ။) Slow learner ဖြစ်ပေမယ့်။ ကြိုးစားပါတယ်။ Microverse ကို Join နေရင်းနဲ့ Announcer လည်း တစ်ဖက်ကလုပ်နေသူပါ။ Meeting ဝင်တိုင်း သူ့ကို Announcer လုပ်တဲ့ရုံးမှာတွေ့ရတာများပါတယ်။
သူတို့ ၂ ယောက်လုံးမှာ Programming background မရှိပါဘူး။ Software Engineering နဲ့ပတ်သက်တဲ့ ဘွဲ့လည်းမရှိကြသလို အတွေ့အကြုံလည်း မရှိပါဘူး။
အကျဥ်းပြောရရင် တစ်ယောက်က
– ၂၀ ဝန်းကျင်ကျောင်းသား Software engineering နဲ့ပတ်သက်တဲ့ ဘွဲ့လည်းမရှိ Working experience လည်းမရှိ။ ဘယ် IT သင်တန်းမှ မတက်ဖူးပါ။
– နောက်တစ်ယောက်က Microverse ကို Announcer အလုပ်လုပ်ရင်းနဲ့ လာ Join တဲ့ မိန်းကလေး။ Software engineering နဲ့ပတ်သက်တဲ့ ဘာဘွဲ့မှမရှိ ဘာ Working experience မှမရှိ။ ဘာ IT သင်တန်းမှ မတက်ဖူးပါ။
အဲ့တော့ပြောချင်တာက စာဖတ်နေတဲ့သူရော အဲ့ ၂ ယောက်ထဲက တစ်ယောက်ယောက်နဲ့တူနေပါသလား။ တူရင်တူ မတူရင်အဲ့ထက်သာဖို့ပဲရှိပါတယ်။ အဲ့တော့သူတို့တွေတောင် Full Time job ရရင် ကိုယ်လည်းဘာလို့ မရနိုင်ရမှာလဲ။ Review လောက်ဖတ်ပြီး လျှောက် စဆရကလုပ်နေတဲ့ Post တွေကို ဂရုစိုက်မနေ ပါနဲ့။ ကိုယ့်မှာခေတ်ကောင်းတုန်းကရတဲ့ Degree ရှိတယ်ဆိုတဲ့သူတွေကိုတော့ MV join ဖို့မတိုက်တွန်းပါဘူး။ ခေတ်ပျက်ကြီးမှာ ရတဲ့ Degree ကို MV certificate ထက်ပိုတန်ဖိုးရှိတယ်လို့ထင်နေတဲ့သူတွေကိုလည်း စကားထဲထည့်မပြောလိုပါဘူး။
ခေတ်မကောင်းလို့ Career change ချင်တယ်ဆိုတဲ့သူတွေ Zero ကပြန်စချင်တယ်ဆိုတဲ့သူတွေအတွက်ကို ကျွန်တော်ရည်ရွယ်ပြီး Post လေးတင်လိုက်တာသာဖြစ်ပါတယ်။ Microverse နဲ့ပတ်သက်တဲ့ Post တွေကို Opportunities ဆိုတဲ့ Album မှာဝင်ကြည့်နိုင်ပါတယ်။ အားလုံးကျန်းမာပျော်ရွှင်ကြပါစေဗျာ
Update Mar 18, 2023
MV ကို Join ချင်တဲ့သူတွေကို ကူညီဖို့သီးသန့် Group လေးဖွဲ့ထားပါတယ်။ Join ချင်ရင် CB ကနေလာပြောပေးပါ။ Comment ပေးခဲ့လို့လည်းရပါတယ်။