JavaScript အတွက်သီးသန့် collection လေးလုပ်ပေးထားတယ်။ JavaScript လေ့လာတဲ့အခါမှာပိုပြီးခရီးတွင်ဖို့အတွက်လိုအပ်မဲ့ Websites တွေ ၊ ဖတ်သင့်တဲ့ Ebook တွေ ၊ Courses တွေ GitHub Repository တွေ ၊ နားထောင်သင့်တဲ့ Podcasts တွေကိုလိုက်ရှာနေစရာမလိုအောင်လို့ကို Collection လုပ်ပေးထားပါတယ်။
ပထမဆုံးက Websites အတွက်
=======================
(1) JavaScript Info
https://javascript.info/
MDN လို Documents အရှည်ကြီးတွေဖတ်ရတာပျင်းရင် ဒီကောင်ကနေလေ့လာ။ Basic ကနေ Advance ထိလေ့လာရမဲ့ Topic တွေရှိတယ်။ Topic တစ်ခုချင်းစီကိုလည်း Details ရှင်းပြထားတယ်။နောက် Practice ကောင်းကောင်းလုပ်နိုင်ဖို့အတွက် Question တွေလုပ်ပေးထားတယ်။
(2) SuperHero JavaScript
http://superherojs.com
JavaScript အတွက်နောက်ထပ် Website ကောင်းတစ်ခု။ ဒီ Website မှာ JavaScript နဲ့ပတ်သတ်တဲ့ဟာတွေအကုန်ရှိတယ်။အထူးသဖြင့် JavaScript နဲ့ဆိုင်တဲ့ Articles တွေ၊ Video’s, Course Presentation တွေစသဖြင့်လေ့လာဖို့လိုအပ်မဲ့ဟာတွေရှိတယ်။
(3) JavaScript Garden
https://bonsaiden.github.io/JavaScript-Garden/
Mozilla Developer Network နဲ့အနည်းငယ်ဆင်တယ်။ JavaScript Programming Language အတွက် Documentation တွေအများကြီးကို ဒီမှာ Collection လုပ်ပေးထားတယ်။ Code ရေးတဲ့အခါမှာရှောင်ရှားသင့်တဲ့ Command Mistake
Bad Practice, subtle bugs တွေအတွက်ပါ အကြံတွေပေးထားတယိ။ နောက် JavaScript အတွက် သိသင့်တဲ့ Topic တွေကိုပါရှငိးပြပေးထားတယ်။
(4) JavaScript Tips
https://www.jstips.co/en/javascript/
JavaScript အတွက် Useful ဖြစ်တဲ့ Daily Tips တွေကိုဒီမှာလေ့လာထားလို့ရတယ်။ JavaScript တစ်ခုတင်မဟုတ်ဘူး၊ သူ့ Framework တွေဖြစ်တဲ့ React, Angular, Vue အတွက် Tips တွေကိုစုစည်းပေးထားပါတယ်။ Spread Operators ဆိုတာဘာလဲ၊ ES6 new features တွေဖြစ်တဲ့ Var နဲ့ Let နဲ့ဘာကွာသလဲဆိုတဲ့အကြောင်းတွေကို
ဒီ Website မှာသွားဖတိလို့ရတယ်။
(5) Learn Javascript
https://www.learn-js.org
Interactive ဖြစ်တဲ့ JavaScript Tutorials တွေရှိတယ်။ Learn the basics ကနေ Advance Tutorials ထိသေချာရှင်းပြပေးထားတယ်။ Basic Level မှာလိုအပ်မဲ့ဟာတွေမှန်သမျှအကုန်ပါတယ်။ အပေါ်က JavaScript Info ဆိုတဲ့ Website လိုပဲ လေ့လာရတာအရမ်းရှင်းတယ်။
(6) JavaScript
https://www.java5cript.com
JavaScript လေ့လာနေကြသူတွေအတွက်အဖိုးတန် website တစ်ခု။ Javascript နဲ့ပတ်သတ်တဲ့ Website တွေ၊ Book’s Series ၊ Courses တွေ Videos တွေပါရှိသေးတဲ့အပြင်
Coding Challenge လုပ်ဖို့အတွက်ကော ၊ Interview အတွက် သိရမဲ့ Question တွေပါပါတယ်။တော်တော်လေးကောင်းတယ်။ အကုန်အခမဲ့လေ့လာရုံပဲ။
JavaScript အတွက်အဖိုးတန် Course တွေ
===============================
(1) JavaScript Algorithms & Data Structure
https://www.freecodecamp.org/learn/javascript-algorithms-and-data-structures/
FreeCodeCamp ကနေအခမဲ့သင်ပေးတဲ့ JavaScript အတွက် Coursesတစ်ခု။ ဒီ Courses တစ်ခုဟာ Tutorials 300Hours နဲ့ညီတယ်လို့တောင်ပြောထားတယ်။ JavaScript အတွက် Basic, ES6, Regular Expression, Debugging, Data Structure, OOP, Functional Programming, Intermediate Algorithms Scripting, Project စတဲ့ ဒီလို Topic တွေကိုအနှစ်ကြီးအခမဲ့လေ့လာလို့ရတယ်။ ပိုကောင်းတာက Final Project လုပ်ပြီးတာနဲ့ Certificate ပါပေးပါတယ်။အခမဲ့ပေးတာပါ။ ကိုယ့်ဘက်ကလေ့လာဖို့အတွက်အချိန်ပေးနိုင်ဖို့ပဲ
လိုတာပါ။
(2) Introduction To JavaScript & OOP
https://www.udacity.com/course/intro-to-javascript–ud803
https://www.udacity.com/course/object-oriented-javascript–ud711
JavaScript နဲ့ပတ်သတ်လို့ Udacity ရဲ့အခမဲ့သင်ကြားပေးတဲ့ အခမဲ့ courses 2 ခု။ ပထမတစ်ခုက JavaScript ကိုခုမှလေ့လာစသူတွေအတွက် Fundamental ပိုင်းမှာ သိသင့်သိရမဲ့ဟာတွေမှန်သမျှအကုန်ပါပါတယ်။ ဥပမာ- DataType & Variable, Conditional, Loop, Function, Arrays, Object စသဖြင့်ပေါ့။ Video တွေကလည်းတိုတိုလေးတွေချည်းပဲမို့လေ့လာရတာခရီတွင်စေမှာပါ။နောက်တစ်ခုက JavaScript ရဲ့ OOP ရေးထုံးအတွက်လေ့လာရမဲ့ Course တစ်ခု ၊သူလည်းအခမဲ့လေ့လာရုံပဲပဲ။
(3) JavaScript Tutorials For Beginners
https://youtu.be/Qqx_wzMmFeA
နောက် ဒီ Course Video က Beginners Level အတွက်သီးသန့်။ Clever Programmer ဆိုတဲ့ YouTube Channel ကနေသင်ကြားပေးတာဖြစ်ပြီး စုစုပေါင်းအချိန် 8 Hours ကြာမြင့်မှာဖြစ်ပါတယ်။ 8 နာရီလောက်အချိန်ပေးလေ့လာရုံနဲ့ JavaScript နဲ့ပတ်သတ်တဲ့ဟာမှန်သမျှကိုလေ့လာနိုင်မှာပါ။ Beginner Level အတွက်ဆို တော်တော်ကြီးစုံတဲ့ Course တစ်ခုပါ။
(4) Team TreeHouse (Learn Javascript)
https://teamtreehouse.com/library/javascript-basics
Team TreeHouse ကနေသင်ကြားပေးတဲ့ အခမဲ့ နောက် Course တစ်ခု။ သင်ကြားရမဲ့ Topic အနေနဲ့က အဓိက ၄ခုရှိမယ်။
1. Hello JavaScript
2. Storing Tracking Information Variable
3. Working With String’s
4. Making Decisions in Your Code with Conditionals Statement စတဲ့ Topic 4ခုကိုသင်ကြားရမှာဖြစ်ပြီးတော့အချိန်အနေနဲ့ကတော့ 234 minutes ကြာမြင့်မှာဖြစ်ပါတယ်။အဓိကက Absolute Beginners တွေအတွက်ပါ။
(5) Interactivity with JavaScript
https://www.coursera.org/learn/javascript
University Of Michigan တက္ကသိုလ်က Professor တွေကိုယ်တိုင်သင်တဲ့ အခမဲ့ Course တစ်ခုပါ။ JavaScript အပြင်ကိုမှ web development နဲ့ပတ်သတ်တဲ့ HTML, CSS စတာတွေကိုသင်ကြားရမှာဖြစ်ပြီးတော့ 9Hours ကြာမြင့်မှာဖြစ်ပါတယိ။နောက် Financial AID လျှောက်ပြီးတော့ Certificate အခမဲ့ရယူလို့ရပါတယ်။
(6) FLATIRON School
https://flatironschool.com/learn-javascript-for-free/
နောက်ဆုံးတစ်ခုကတော့ Intro To JavaScript ဆိုတဲ့ Course တစ်ခုပဲ။ Video Tutorial ပုံစံ
လေ့လာရမှာမဟုတ်ဘဲနဲ့ Document ဖတ်ပြီးလေ့လာရမှာဖြစ်တာကြောင့်အဆင်ပြေနိုင်ပါတယ်။ ဒီ Course အကြောင်းကိုအများကြီးတော့မရေးပြတော့ပါဘူး ၊ အဓိကက Fundamental ပိုင်းအတွက်ရည်ညွှန်းပါတယ်။ အခမဲ့သင်ကြားရေးပါ။
JavaScript အတွက်ဖတ်သင့်တဲ့ Ebooks တွေ
=================================
(1) Exploring JavaScript
https://exploringjs.com
နာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်တဲ့ Dr.Axel Rauschmayer ကိုယ်တိုင်ရေးထားတဲ့အဖိုးတန် JavaScript Ebook တွေကိုစုစုည်းပေးထားပါတယ်။ Online ကပဲဖတ်လို့ရမှာဖြစ်ပြီးတော့ Offline ဖတ်ချင်တယ်ဆိုရင်တော့ဝယ်ဖတ်ရမှာဖြစ်ပါတယ်။ Deep JavaScript Theory & Technique ဆိုတဲ့စာအုပ်ဆိုဖတ်ရတာတော်တော်လေးကောင်းပါတယ်။ ဒီဆရာကိုယ်တိုင်ရေးထားတဲ့စာအုပ်တွေကိုတော့ အခမဲ့ဖတ်ရှုနိုင်ပါတယ်။
(2) Eloquent Javascript
https://eloquentjavascript.net
Javascript သမားတွေဖတ်သင့်တဲ့စာအုပ်တစ်အုပ်။ ဒီစာအုပ်ကဖတ်ရတာအနည်းငယ်ခက်ခဲနိုင်ပါတယ်။စစချင်း Chapter 1 မှာတင်မျက်စိလည်သွားနိုင်ပါတယ်။ဒါပေမဲ့အချိန်တစ်ခုယူပြီး ဖတ်ရမဲ့စာအုပ်တစ်အုပ်ပါပဲ။ဖတ်ဖူးသလောက်က ဒီစာအုပ်ပထမပိုင်းမှာ JavaScript Language အကြောင်းကိုရေးထားတာဖြစ်ပြီး နောက်တစ်ပိုင်းက (JavaScript and The Browser ) JavaScript တွေ Browser တွေအလုပ်လုပ်ပေါ်ပုံရေးပေးထားတာပါ။ကျန်တဲ့အပိုင်းကတော့ဖတ်တုန်းပါ။
(3) JavaScript Design Patterns
https://addyosmani.com/resources/essentialjsdesignpatterns/book/
JavaScript အတွက်နောက်ထပ်အဖိုးတန်စာအုပ်တစ်အုပ်။ အများကြီးတော့မညွှန်းပေးတော့ဘူး။ဖတ်သင့်တဲ့စာအုပ်တစ်အုပ်ဆိုတာတော့သေချာတယ်။
(4) JavaScript Beginner Handbook
https://www.freecodecamp.org/news/the-complete-javascript-handbook-f26b2c71719c/
Beginners Levels သမားတွေဆိုရင် ဒီ Ebook လေးအရမ်းကောင်းတယ်။ ဖတ်ရတာတော်တော်လေးရှင်းတယ်။ Fundamental ကနေ Advance Level ထိကိုသေချာလေးရှင်းပြထားတဲ့စာအုပ်တစ်အုပ်ပဲ။
(5) Clean Code & The Pragmatic Programmer
https://enos.itcollege.ee/~jpoial/oop/naited/Clean%20Code.pdf
https://bit.ly/3mA87W7
နောက်ဆုံးညွှန်းပေးချင်တဲ့စာအုပ်နှစ်အုပ်ကတော့ Clean Code နဲ့ The Pargmatic Programmer ဆိုတဲ့စာအုပ်နှစ်အုပ်ပဲ။ အဲ့ထဲကမှ Clean Code ဆိုတဲ့စာအုပ်ကိုဖတ်သင့်တယ်။ Software Engineering Principles တွေနဲ့ Clean Code တွေရဲ့အကြောင်းကိုဒီစာအုပ်မှာတွေ့ရလိမ့်မယ်။ ကိုယိတိုင်လည်းဖတ်နေတဲ့စာအုပ်တစ်အုပ်ပဲ။ Robert C.Martin’s ကိုယ်တိုင်ရေးထားတဲ့ နာမည်ကြီးစာအုပ်
တစ်အုပ်ပါ။
JavaScript အတွက် GitHub Repository
==============================
(1) 30 Days Of Javascript
https://github.com/Asabeneh/30-Days-Of-JavaScript
30 Days Of Javascript တဲ့။ JavaScript လေ့လာဖို့ ရက်30 ပဲလိုမယ်။တစ်ရက်ချင်းစီတိုင်းမှာလေ့လာရမဲ့ Topic တွေကိုရေးပေးထားတယ်။ ရက် 30 ဆိုတော့ကိုယ့်ဘာသာကို Challenge ခေါ်ပြီးတော့နေ့စဉ်မပြတ်လုပ်သွားလို့ရတယ်။ JavaScript ကိုခုမှလေ့လာတဲ့သူတွေအားထားသင့်တဲ့ Repository တစ်ခုပဲ။ နောက်ဆုံးမှာ Final Project တွေလည်းပါသေးတယ်။
(2) JavaScript Questions
https://github.com/lydiahallie/javascript-questions
JavaScript Questions တွေကို Basic ကနေ Advance လောက်ထိဖတ်ချင်တဲ့သူများအတွက်ပါ။ Questions စုစုပေါင်း 150 ကျော်ပါဝင်ပါမယ်။အကုန်လုံးက Clean Code တွေချည်းပါပဲ။မေးခွန်းတစ်ခုစီတိုင်းရဲ့အောက်မှာ Multiple
Choice ပုံစံလုပ်ထားပေးပြီး အောက်မှာကိုယ်ဖြေထားတဲ့အဖြေမှန်မမှန်တိုက်ဖို့အတွက် အဖြေပါပါဝင်ပါတယ်။ နောက်ပြီးဒီ အဖြေဟာဘာလို့ရလဲဆိုတဲ့ ရှင်းပြချက်တွေလည်းပါတာကြောင့် JavaScript ကို ပိုပြီးနားလည်သဘောပေါက်ချင်တဲ့သူတွေဖတ်ကိုဖတ်ထားရမဲ့ Repositories တစ်ခုပဲဖြစ်ပါတယ်။
(3) 30 Seconds Of Code
https://github.com/30-seconds/30-seconds-of-code
JavaScript ရဲ့ Code Snippets တွေကိုရိုးရိုးရှင်း
ရှင်းဖတ်ချင်တယ်ဆိုရင် ဒီ Repositories ကအဆင်ပြေပါလိမ့်မယ်။ JavaScript အပြင်ကိုမှ
CSS, React Hooks, Python, JavaScript Algorithms, GIT, Node.js စတဲ့ Code Snippets တွေပါပါဦးပါမယ်။ 30 Seconds of Code ဆိုတဲ့အတိုင်း Knowledge လိုချင်တဲ့သူတွေ ဖတ်သင့်တဲ့ Repositories တစ်ခုပါ။
(4) Awesome JavaScript
https://github.com/sorrycc/awesome-javascript
Libraries, resources, Frameworks, template
Engines, Articles, Post, Documentations, Functional Programming စသဖြင့် JavaScript ရဲ့ Awesome ဖြစ်တဲ့ Repositories တစ်ခုပါ။
ဒီကောင်က JavaScript Basic သမားတွေအတွက်ကတော့အဆင်ပြေမှာမဟုတ်ပါဘူး။
Advance ပိုင်းအတွက်ကိုပိုပြီးရည်ရွယ်ပါတယ်။ API တို့ Animations တို့နဲ့ပတ်သတ်တာတွေလည်း ပါဦးပါမယ်။
(5) 33 JavaScript Concepts
https://github.com/leonardomso/33-js-concepts
JavaScript နဲ့ပတ်သတ်ပြီးအရေးကြီးတဲ့ Concepts တွေကို ဒီ repositories မှာဖတ်လို့ရပါတယ်။ပါဝင်တဲ့ Tables OF Contents တွေကတော့ Call Stack, Primitive Types, async/await, Recusrion, Map, Reduce, Fliter, DOM,Layout Trees, Expressions vs Statements,JavaScript Engine, Function or BlockScope, Inheritance, Design Patterns စတဲ့ JavaScript အတွက်လိုအပ်တဲ့ Concept တွေအကုန်ပါပါတယ်။ ခေါင်းစဥ်တစ်ခုချင်းစီရဲ့အောက်မှာ ဥပမာ- Call Stack ဆိုတဲ့အောက်မှာ သူနဲ့ဆိုင်တဲ့ Reference, Articles, Videos တွေပါဝင်ပါမယ်။
တကယ့်ကို အနှစ်တွေပါ။
နောက်ဆုံးက Podcasts တွေအတွက်
===========================
(1) Syntax
https://syntax.fm
Podcast တွေနားထောင်မယ်ဆိုရင် ဒီ Channel လေးတော်တော်ကောင်းတယ်။ Full Stack Developer နှစ်ယောက်ဖြစ်တဲ့ Wes Bos နဲ့ Scott Tolinski ကိုယ်တိုင်လုပ်ထားတဲ့ Podcast တွေပါ။ British Accent ဖြစ်တာကြောင့် JavaScript တင်မဟုတ်ဘူး English Listening ပါလေ့လာပြီးသားဖြစ်တာပေါ့။ Advice For New Developer, How to built a Website, React + JavaScript ဆိုတဲ့ podcast တွေတော်တော်လေးကောင်းတယ်။ Beginner တွေကော Developer တွေပါနားထောင်သင့်တယ်
(2) Code Pen Radio
https://blog.codepen.io/radio/
နောက်ထပ်အဖိုးတန် Podcast Channel တစ်ခု။
Developer တွေအတွက် Learning Method, Struggling, Successful Stories အပြင်ကိုမှ Trend ဖြစ်နေတဲ့နည်းပညာတွေကိုပါနားထောင်လို့ရမယ်။
(3) Shop Talk Show
https://shoptalkshow.com
Frontend သမားတွေအဓိကနားထောင်သင့်တယ်။ Dave Rupert နဲ့ Chris Coyier တို့ပေါင်းပြီးတော့ Host လုပ်ထားတာဖြစိပြီး အခမဲ့ podcast တွေပါ။ CSS, React with Netflix, Code is Expensive စတဲ့ဟာတွေကိုအခမဲ့နားထောင်လို့ရတယ်။
(4) JavaScript Jabber
https://devchat.tv/show/javascript-jabber
ဒီ Podcast က Javascript တစ်ခုတည်းတင်မဟုတ်ဘူး၊ Frontend ကော Backend ကောအတွက်ပါအသုံးဝင်တယ်။အထူးသဖြင့်ပေါ့ JavaScript ဆိုရင်သူနဲ့ပတ်သတ်တဲ့ Practice, Tools, Testing, Deployment စတာတွေကိုပါနားထောင်လို့ရဦးမယ်။အများကြီးတော့မညွှန်းတော့ဘူး
(5) CodeNewBie
https://www.codenewbie.org/podcast
ခုမှ Developer လောကကိုစဝင်ခါစချာတိတ်တွေအတွက်ပေါ့။ နားထောင်သင့်တဲ့ Podcast Channel တစ်ခု။ Developers တွေအများကြီးရဲ့ Podcasts တွေကိုနေ့တိုင်းနားထောင်လို့ရမယ်။
အထူးသဖြင့် Web Development Roadmap , How to Write Clean Code, What you needs to know API, How To Stay Motivated စတဲ့ Topic တွေအများကြီးကိုနားထောင်လို့ရတယ်။ကိုယ်တိုင်လည်းနားထောင်ဖြစ်တဲ့ Channel တစ်ခုပါ။အရမ်းအသုံးဝင်တာမို့ကိုညွှန်းပေးတာပါ။
အပေါ်မှာရေးခဲ့တဲ့အသုံးဝင်ပြီး အကျိုးများနိုင်တဲ့ Resources များကိုရေးသားခဲ့ပြီးပါပြီ။ အဆင့်ခူးခပ်စားနိုင်အောင်လို့ကိုလုပ်ပေးထားပါတယ်။
လုပ်ရမှာကတော့ကိုယ့်တာဝန်ပါပဲ။
Credit With Respect…Sir WaiYan MoeMyint
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
Original link