2022 အတွက် JavaScript Learning Roadmap Step by Step Guide
=================================
– JavaScript Programming Language တစ်ခုကို ဘယ်လိုမျိုးတွေအဆင့်ဆင့်လေ့လာသွားသင့်သလဲ။
– JavaScript language ကိုလေ့လာနေစဉ်မှာ ဘယ်လို Course မျိုးတွေ resources တွေကိုမှီငြမ်းသင့်သလဲ ၊ဖတ်သင့်တဲ့စာအုပ်တွေကကောဘာတွေရှိမလဲ။
– လေ့လာသင်ယူပြီးသား Language တစ်ခုကိုလုပ်ငန်းခွင်မှာအသုံးချနိုင်အောင်ဖြစ်ဖြစ် မမေ့သွားအောင်ဖြစ်ဖြစ် ဘယ်လို Hand-on-project
မျိုးတွေရေးသားသင့်လဲ။
– JavaScript မှာရှိတဲ့သူ့ရဲ့ framework တွေ Library တွေဘက်ကိုမကူးခင် ကိုယ်သုံးမဲ့ framework တွေရဲ့ Language ကိုဘယ်လောက်ကျေညက်ထားဖို့လိုအပ်မလဲ။
ဆိုတာတွေကို step by step guideline တစ်ခုအနေနဲ့ညွှန်းပေးထားပါတယ်။
JavaScript ဆိုတာကိုအကျဉ်းချုပ်အနေနဲ့ အနည်းငယ်ဖော်ပြလိုပါတယ်။ JavaScript လို့ပြောလိုက်ရင် ဒီနေ့ခောတ် Programming လောကမှာ
မသိတဲ့တော်တော်လေးရှားပါလိမ့်မယ်။JavaScript ဟာ High Level Language တစ်ခုဖြစ်ပြီးတော့ Client Side Language ရယ်လို့လည်းလူသိများ
ပါတယ်။ Client Side လို့ခေါ်ရတာကတော့ JavaScript နဲ့ဖန်တီးထားတဲ့ Code တွေဟာ Client Web Browser တွေလို့သတ်မှတ်ထားတဲ့ Chrome, Edge, FireFox..etc, စတဲ့ Browser တွေမှာ ရေးသားလို့ရတာကြောင့်ပဲဖြစ်ပါတယ်။ ဒီ Web Browser တွေကိုယ်တိုင်ကိုက JavaScript နဲ့ရေးသားထားတဲ့ Code တွေကို တိုက်ရိုက်ဘာသာပြန်ပေးနိုင်တဲ့ Interpreter တွေဖြစ်နေလို့ပါပဲ။သူ့ကို Client Side တွေအပြင် Server Side Application တွေရေးသားဖန်တီးတဲ့နေရာမှာလည်းသုံးကြပါသေးတယ်။
ခုနောက်ပိုင်းမှာလည်း Cross Platform နည်းပညာတစ်ခုဖြစ်တဲ့ react native လိုကောင်မျိုးကိုသုံးပြီး Mobile Application တွေရေးသားတဲ့ပိုင်းတွေမှာသုံးကြသလို ၊ Machine Learning, AI, Robotics လိုနည်းပညာမျိုးတွေနဲ့ Desktop Software, Game Development တွေမှာလည်း JavaScript ကိုသုံးကြပါတယ်။ဒါတွေကြောင့်လည်း JavaScript ကိုစွယ်စုံသုံး General Purpose Language တစ်ခုအဖြစ်နဲ့ လူတွေတော်တော်ကြိုက်ကြပါတယ်။ ဒီလောက်ဆိုရင် JavaScript ဆိုတာဘာလဲ ဘယ်လိုနေရာတွေမှာသုံးလဲဆိုတာကို အကြမ်းဖျဉ်းအနေနဲ့သိရှိပြီး
သွားပါပြီ။
JavaScript ကိုဘယ်လိုမျိုးအဆင့်ဆင့် လေ့လာရမလဲဆိုတာနဲ့ပတ်သတ်လို့ ယေဘုယျအားဖြင့် ၆ ပိုင်းခွဲခြားထားပါတယ်။
(ပထမအဆင့် – Absolute Beginners)
ဒီပထမအဆင့်မှာ HTML, CSS ကိုလေ့လာကျော်ဖြတ်ခဲ့ပြီးလို့ JavaScript ကိုဆက်ပြီးလေ့လာသွားရတော့မဲ့ အဆင့်ပါ။ JavaScript ကိုအရင်ဆုံးမလေ့လာခင် Web နည်းပညာတွေဖြစ်တဲ့ HTML, CSS, JavaScript တို့ဘယ်လိုချိတ်ဆက်အလုပ်လုပ်လဲဆိုတာကိုအရင်ဆုံးနားလည်သဘောပေါက်ထားဖို့လိုအပ်ပါမယ်။ ဒီအချက်ကိုအရင်ဆုံးနားလည်ထားမှ ရှေ့ဆက်ပြီးဆက်သွားလို့ရမှာပါ။
HTML , CSS , JS အကြောင်းအကုန်လုံးကိုအသေးစိတ် သိရှိနေဖို့ထက် သူတို့ဘယ်လိုချိတ်ဆက်အလုပ်လုပ်လဲဆိုတာသိသွားရင်
ရပါပြီ။အောက်မှာတော့ ဖတ်ရတာရိုးရှင်းပြီးအဆင်ပြေမဲ့ Blog နှစ်ပုဒ်ထည့်ပေးထားပါတယ်။
https://www.freecodecamp.org/news/the-relationship-between-html-css-and-javascript-explained-by-building-a-city-a73a69c6343/
https://developer.mozilla.org/en-US/docs/Learn/JavaScript/First_steps/What_is_JavaScript
ဒုတိယအဆင့် – ( Fundamental )
နောက်တစ်ဆင့်အနေနဲ့ JavaScript ကိုနည်းနည်းလောက်လေ့လာဖူးတာဖြစ်ဖြစ် မလေ့လာဖူးတာဖြစ်ဖြစ် သူ့ရဲ့ language အခြေခံတွေနဲ့အရင်ဆုံးရင်းနှီးအောင်လုပ်ထားရပါမယ်။
ပထမဆုံးအနေနဲ့ ဖတ်ဖို့ညွှန်းပေးချင်တာက JavaScript Info ဆိုတဲ့ Documentation Site တစ်ခုကရေးထားတဲ့ JS Fundamentals တစ်ခန်းလုံးကိုဖတ်ကြည့်ဖို့ညွှန်းပေးချင်ပါတယ်။သူ့ Website ကရေးပေးထားတဲ့ Documentation တွေက နားလည်သဘောပေါက်လွယ်တယ်။ဖတ်ရတာ တိုလည်းတိုသလိုရှင်းလည်းရှင်းတယ်။ English စာအားနည်းတဲ့သူတွေလည်း ဖတ်ဖို့အဆင်ပြေတယ်။ ဒီအဆင့်မှာတော့ ဒီတစ်ခန်းလုံးကိုကျေညက်ထားဖို့လိုပါတယ်။
https://javascript.info/first-steps
Fundamental အဆင့်မှာ MDN ဖတ်ဖို့မညွှန်းတာက သူ website က Documentation တွေက ဖတ်ရတာ နည်းနည်းငြီးငွေ့သလိုရှိပြီး ခက်လည်းခက်ပါတယ်။ဒါပေမဲ့ MDN မှဖတ်ချင်တယ်ဆိုရင်လည်း အောက်မှာ ထည့်ပေးထားပါတယ် ။
https://developer.mozilla.org/en-US/docs/Web/JavaScript
အပေါ်မှာညွှန်းပေးထားတဲ့ Website ကဖတ်ပြီးပြီဆိုရင်တော့ လေ့လာသင့်တဲ့ Videos Tutorial တွေအနေနဲ့ Freecodecamp က JavaScript Beginners ဆိုတဲ့ Course တစ်ခုရယ် Udacity ကနာမည်ကြီး Into to JavaScript ဆိုတဲ့ course နှစ်ခုကိုကြည့်ဖို့ recommend ပေးပါတယ်။ Course နှစ်ခုလုံးရဲ့ Content Quality ပိုင်းက တော်တော်လေးကောင်းသလို အချိန်တိုတိုလေးတွေနဲ့ Subtitles တွေပါထည့်ပေးထားပါတယ်။ဒီအတိုင်းစာတွေချည်းရှင်းပြတာမဟုတ်ဘဲ လိုအပ်ရင်လိုအပ်သလို Exercise လေးတွေပါပါသေးတယ်။ Fundamental ပိုင်းမှာ သိသင့်သိရမဲ့ဟာတွေပါတာမလို့ ကြည့်ဖြင့်အောင်ကြည့်သင့်ပါတယ်။
https://www.udacity.com/course/intro-to-javascript–ud803
https://youtu.be/PkZNo7MFNFg
နောက်တစ်ဆင့်မတတ်ခင်မှာ Fundamental နဲ့ပတ်သတ်လို့ ဘာတွေလေ့လာရမလဲဆိုတာကို Recap လုပ်ပေးထားပါမယ်။
0. Variables
1. Data Types
2. Operator
3. Comment
4. String / String Method
5. Function / return / Higher Order / Method
6. Loop / For / While
7. Condition Statement / Nested / Switch
တတိယအဆင့် – ( Intermediate )
အပေါ်မှာညွှန်းပေးထားတဲ့ အဆင့်အဆင့်ကို သေချာလေး ကြိုးစားအားထုတ်ပြီးပြီဆိုရင်တော့
JavaScript ဆိုတာကိုနားလည်သဘောပေါက်လောက်ပြီလို့ ယူဆလို့ရပါတယ်။ ဒီအဆင့်မှာတော့ JavaScript program တွေကိုများများရေးနိုင်ဖို့အတွက်ကျန်ရှိနေသေးတဲ့ Language ပိုင်းတွေကိုဆက်ပြီးလေ့လာသွားရပါမယ်။
Documentation အတွက်ဆိုရင်တော့ MDN က JavaScript Web Series ကိုဆက်ဖတ်စေချင်ပါတယ်။ JavaScript Info ကနေဖတ်မယ်ဆိုရင်လည်း Advance working with Function ကနေပြီးတော့ Object Properties လောက်ထိ ထပ်ဖတ်ထားဖို့လိုအပ်ပါမယ်။
https://javascript.info/advanced-functions
ဒီ Blog တစ်ခုကလိုအပ်မယ်ထင်လို့ထည့်ထားတာပါ။ JavaScript ရဲ့ Var, Let ,Const ဘာကွာလဲဆိုတာကိုသိစေချင်လို့ပါ။အရေးကြီးပါတယ်။
Interviews Question တွေမှာလည်း ဒီလိုမေးခွန်းမျိုးခဏခဏမေးတတ်ပါတယ်။
https://www.freecodecamp.org/news/var-let-and-const-whats-the-difference/
နောက်တစ်ခုထပ်ညွှန်းပေးချင်တာက 30 Days Of JavaScript ဆိုတဲ့ Challenge တစ်ခုပါ။ JavaScript ကို step by step သင်ယူလေ့လာဖို့အတွက် ရက်ပေါင်း 30တော့အချိန်ပေးရပါလိမ့်မယ်။ CodeCademy က JavaScript Course ထက်စာရင် ဒီ 30 Days of JavaScript ကပိုပြီးကောင်းပါတယ်။ Video Tutorials တွေကြည့်ရတာပျင်းတဲ့သူတွေအတွက်လည်း သူတို့ရှင်းပြထားတဲ့စာလေးဖတ်လိုက် Code ရေးလိုက်နဲ့ ရသတစ်မျိုးတော့ပေးနိုင်ပါတယ်။ Day တစ်ခုချင်းစီတိုင်းမှာ နေ့စဉ် Exercise တော့လုပ်ပေးရမှာဖြစ်ပြီး ရက် ၃၀ပြည့်သွားရင်တော့ Final Project တစ်ခုတင်ပေးရမှာဖြစ်ပါတယ်။
https://github.com/Asabeneh/30-Days-Of-JavaScript
ဒီ course ကတော့ intermediate level အတွက်သင်ယူဖို့သင့်တော်တာမို့ recommend ပေးချင်ပါတယ်။ Freecodecamp ရဲ့ နာမည်ကြီး JavaScript Data structure and Algorithm Course ပါ။ အပေါ်မှာညွှန်းပေးခဲ့တဲ့အဆင့်အဆင့်ကို သေချာလိုက်လုပ်ခဲ့မယ်ဆိုရင် ဒီ course ရဲ့ Basic JavaScript ကိုအေးဆေးကျော်ဖြတ်နိုင်ပါတယ်။ အဲ့လိုမှမဟုတ်ရင်လည်း Basic JavaScript ကနေပြန်စလုပ်လည်းရပါတယ်။ ဒီအဆင့်မှာသင်ယူလေ့လာသင့်တဲ့ ES6, Regular Expression, Debug, Algorithm, Data Structure စတဲ့ Topic က JavaScript ရဲ့ Intermediate Level နဲ့ညီနေတာမို့ Recommend ပေးတာပါ။ ကျွန်တော်ကိုယ်တိုင်လုပ်ခဲ့ဖူးတဲ့ course တစ်ခုလည်းဖြစ်ပါတယ်။နောက်ပိုင်းသူတို့သတ်မှတ်ထားတဲ့ project တွေလုပ်ပြီးသွားရင် Certificate တစ်ခုအလကားရရှိမှာပါ။
https://www.freecodecamp.org/learn/javascript-algorithms-and-data-structures
ဒီလောက်ထိလေ့လာပြီးသွားရင် Intermediate အတွက်လုံလောက်ပြီးမို့ Recap လုပ်ပေးထားပါတယ်။
0. Arrays / Methods
1. Arrays Objects
2. Destructuring , Spreading
3. Error Handling
4. Regular Expression
5. ES6
6. Functional Programming
7. Promise
8. Math
9. Arrow Function
10. Call Back Function
11. Json
12.Object Prototype
13. Advance Working with Function
စတုတ္ထအဆင့် ( Advance )
ဒီအဆင့်ထိရောက်လာပြီဆိုရင်တော့ ငါဆရာကြီးဖြစ်အောင်ကကျင့်ကြံဖို့ တစ်ဆင့်ပဲလိုတော့ပါလားဆိုပြီး ကိုယ့်ကိုကိုယ်သတ်မှတ်လို့ရပါပြီ။
အထက်မှာသေချာညွှန်းပေးခဲ့တဲ့အဆင့်တွေကိုသေချာလိုက်လုပ်ခဲ့မှ ဒီအဆင့်ကိုလိုက်ပြီးလုပ်လို့မှာပါ။နောက်မို့ဆို အကုန်လည်ထွက်ကုန်ပါလိမ့်မယ်။
Document Object Model (DOM)
JavaScript language ရဲ့အသက်လို့တောင်ပြောလို့ရပါတယ်။ DOM ရဲ့ အရှည်ကောက် Standard က Document Object Model လို့ခေါ်ပြီး HTML နည်းပညာတွေကို JavaScript ကနေတစ်ဆင့်ယူသုံးလို့ရအောင် ဖန်တီးထားတဲ့ နည်းပညာတစ်ခုလို့ အလွယ်မှတ်ထားလို့ရပါတယ်။JavaScript ဟာ Client Side ဆိုတာကို အပေါ်မှာပြောခဲ့ပါတယ်။ JavaScript ကို Browser တွေမှာအလုပ်လို့ရအောင်ဖန်တီးခဲ့ကြတာမို့ JavaScript နဲ့ DOM နဲ့ဟာခွဲလို့မရပါဘူး။ DOM အခန်းဟာ JavaScript Language တစ်ခုလုံးရဲ့ အရေးကြီးတဲ့ အခန်းတစ်ခုလို့တောင်ပြောလို့ရပါတယ်။
DOM ကိုဒီကနေအရင်သာစဖတ်စေချင်ပါတယ်။
သူနဲ့ ပတ်သတ်လို့ဖတ်လို့ရတဲ့ Documentation
Websites တွေရှိပေမဲ့ ဒီအောက်က Website လောက်တော့ကောင်းမှာမဟုတ်ပါဘူး။ ဒီ Website မှာရှင်းပြပေးထားတဲ့ DOM အကြောင်းတွေက ဖတ်လိုက်ရုံတင်မဟုတ်ဘူး ကြည့်လိုက်တာနဲ့တောင် တော်တော်လေးရှင်းပါတယ်။
Code တွေ Example တွေနဲ့ရှင်းပြထားတာ တော်တော်လေးကောင်းပါတယ်။ ကျွန်တော်ကိုယ်တိုင် reference ယူပြီးဖတ်နေရတဲ့ Website တစ်ခုပါ။ ဒီ Website မှာ DOM အကြောင်းကို Basic ကနေ Advance ထိ အလွယ်တကူဖတ်လို့ရ
ပါတယ်။
https://htmldom.dev/
Video Tutorial ပိုင်းဆိုရင်တော့ Udacity က Free ပေးထားတဲ့ JavaScript and DOM ဆိုတဲ့ course ကနေစစေချင်ပါတယ်။ ရှင်းပြထားတဲ့ Video လေးတွေဟာ မိနစ်တွေလည်းတိုသလို ထိရောက်မှုလည်း တော်တော်ရှိပါတယ်။ DOM နဲ့ပတ်သတ်လို့ သင်ယူလေ့လာသင့်တဲ့ ဟာမှန်သမျှ ဒီ Course မှာ ပါနေတာမို့ ညွှန်းပေးချင်ပါတယ်။
https://www.udacity.com/course/javascript-and-the-dom–ud117
နောက်တစ်ခုအနေနဲ့ Functional Programming
(သို့) Object Oriented Programming ဘာကိုအရင်လေ့လာရမလဲလို့မေးရင် OOP ကိုသာအရင်ညွှန်းပေးဖြစ်မှာပါ။ ဘာလို့ဆို Functional Programming ပုံစံနဲ့ရေးတယ်ပဲဆိုပါစေ OOP ရေးထုံးလောက် ရှင်းပြီး မကျစ်လစ်နိုင်လို့ပါ။ OOP ကရှေ့လျှောက်ပိုမိုအသုံးပြုဖို့ကြုံတွေ့လာနိုင်တာမို့ သူ့ကိုအရင်လေ့လာစေချင်ပါတယ်။
Documentation အနေနဲ့ ဖတ်မယ်ဆိုရင် ထုံးစအတိုင်း JavaScript Info ရဲ့ Classes တစ်ခန်းလုံးကိုသေချာဖတ်စေချင်ပါတယ်။
https://javascript.info/classes
OOP နဲ့ပတ်သတ်လို့ညွှန်းပေးချင်တဲ့ Course နှစ်ခုရှိပါတယ်။ တစ်ခုက Programming with Mosh ရဲ့ Course တစ်ခုနဲ့ နောက်တစ်ခုက Udacity ရဲ့ Free Course တစ်ခုလုံးပါ။ Course နှစ်ခုလုံးမှာ JavaScript ရဲ့အရေးကြီးတဲ့ First Class Function တွေ၊ Prototypical inheritance အကြောင်းတွေပါဝင်နေတာမို့ကြည့်သင့်တဲ့ Course နှစ်ခုဖြစ်တဲ့အတွက် ညွှန်းပေးလိုက်ပါတယ်။
https://www.udacity.com/course/object-oriented-javascript–ud711
https://youtu.be/PFmuCDHHpwk
နောက်ဆုံးတစ်ခုကတော့ ES6 ပါ ECMA Script ရယ်လို့လည်း လူသိကြပါတယ်။ 2015 မှာ Release လုပ်ပေးခဲ့တာမို့ ES6 လို့ခေါ်ဆိုကြတာပါ။ ECMA Script ဆိုတာက JavaScript လို scripting language တွေအတွက် standardized
လုပ်ပေးထားတဲ့ ကောင်လို့ပဲ သိနေရင်ရပါတယ်။
အပေါ်မှာညွှန်းပေးထားတာတွေကိုသေချာလုပ်ခဲ့ရင် ES6 ကလေ့လာရတာလွယ်ပါတယ်။ ဒါကြောင့်မို့ ES6 ကိုလေ့လာဖို့အတွက် ES6 in 1 hour ဆိုရင် course လေးရယ် Udacity က ES6 course တစ်ခုကိုညွှန်းပေးလိုက်ပါတယ်။
https://youtu.be/NCwa_xi0Uuc
https://www.udacity.com/course/es6-javascript-improved–ud356
ဒီစတုထ္ထအဆင့်အတွက် ဒီလောက်ဆိုလုံလောက်ပြီးမို့ ထုံးစံအတိုင်း recap လုပ်လိုက်ပါတယ်။
0. OOP
1. Functional Programming
2. ES6
3. DOM
4. Modules
5. Event
6. Miscellaneous
7. Animations
ပဉ္စမအဆင့် – ( Project based learning)
ဒီအဆင့်မှာ အရင်ကလေ့လာထားတဲ့ JavaScript
Language ကို ပြန်ပြီးအသုံးချရတော့မှာဖြစ်ပါတယ်။ ဒီအဆင့်ထိရောက်လာရင် လေ့လာတာခဏရပ်ပြီး Project Based Learning လုပ်ဖို့စပြီးပြင်ဆင်ရတော့မှာဖြစ်ပါတယ်။
ပထမဆုံး Project Based Learning လုပ်ဖို့အတွက် ညွှန်းပေးချင်တာက Web Boss ရဲ့ JavaScript 30 ပါ။ JavaScript နဲ့ပတ်သတ်တဲ့ Project အခု 30 ကို ရက် 30 အတွင်း Challengeတစ်ခုအနေနဲ့ရေးသားရမှာပါ။အထက်မှာညွှန်းထားတာတွေကိုသာ သေချာလိုက်လုပ်ခဲ့မယ်ဆိုရင် Web Boss ရဲ့ Challenge အခု 30 ကိုလိုက်လုပ်နိုင်မှာပါ။ ဒီ Project အခု 30 ရေးပြီးသွားရင် Project တစ်ခုချင်းစီတိုင်းမှာ DOM ကိုတော်တော်လေးသုံးပြထားတာကိုတွေ့ရပါလိမ့်မယ်။ဒါကြောင့်မို့လို့ DOM က JavaScript ရဲ့အသက်လို့ ပြောထားတာပါ။
https://javascript30.com/
နောက်ထပ်တစ်ခုက Freecodecamp ကနေလုပ်ထားတဲ့ Project အခု 40 ကျော်ပါ။ ဒီ project တွေတိုင်းမှာ DOM အပြင်ကို တခြား JavaScript
ရဲ့ Basic ပိုင်း Intermediate ပိုင်းတွေကိုစုံနေအောင်ထည့်သုံးပြသွားပါလိမ့်မယ်။လိုက်ပြီးလုပ်ကြည့်ဖို့ recommend ပေးချင်ပါတယ်။
https://www.freecodecamp.org/news/javascript-projects-for-beginners/
Project မရေးခင်မှာစေချင်တာက GitHub Account တစ်ခုကြိုဆောက်ထားပါ။ Project တစ်ခုရေးပြီးတိုင်း ကိုယ့်ရေးထားတဲ့ Project ကို
GitHub မှာသွားပြီး upload လုပ်ထားပါ။
ကိုယ်ကိုတိုင်ရေးထားတဲ့ Project ရဲ့ source code ကို GitHub မှာထိုင်ကြည့်နေရတာကိုက တော်တော်လေး အရသာရှိလှပါတယ်။နောက်အလုပ်လျှောက်တဲ့နေရာမှာလည်း ကိုယ့်ရဲ့ GitHub Profile က impression တစ်ခုအနေနဲ့လိုလာပါလိမ့်မယ်။
ဒီတစ်ခုက AirBnB JavaScript လို့ခေါ်ပါတယ်။
JavaScript Code တွေကို style ကျကျဘယ်လိုရေးသင့်လဲဆိုတာကို ဒီ repository မှာလေ့လာထားသင့်ပါတယ်။
https://github.com/airbnb/javascript
အလုပ်လျှောက်တဲ့နေရာ Interviews တွေမှာအမေးများတဲ့ JavaScript ရဲ့ Interviews Questions အခု 400 ကျော်ပါ။ တစ်ခုချင်းစီလိုက်ပြီးဖတ်ကြည့်သင့်ပါတယ်။
https://github.com/sudheerj/javascript-interview-questions
Eloquent JavaScript တဲ့ ဒီစာအုပ်ကတော့ JavaScript Developer တွေဖတ်ထားသင့်တဲ့စာအုပ်ထဲမှာပါပါတယ်။စာရှည်မှာဆိုးတာမို့ အများကြီးမညွှန်းပေးနိုင်တာပါ။ ဒီအောက်က Website မှာသွားပြီးဖတ်ရှုနိုင်ပါတယ်။
https://eloquentjavascript.net/
နောက်ဆုံးတစ်ခုကတော့ JavaScript ကိုသူများထက်ပိုပြီး ဆရာကျချင်ရင် ထပ်ပြီးလေ့လာဖို့အတွက် လိုအပ်မဲ့ Algorithm and Data Structure တွေပါ။
https://github.com/trekhleb/javascript-algorithms
နောက်ဆုံးအဆင့်- (Next Step Career Advice )
အထက်မှာညွှန်းပေးထားတဲ့ အဆင့် ၅ဆင့်ကိုသေချာတတ်မြောက်ခဲ့ပြီဆိုရင် JavaScript Developer တစ်ယောက်ဖြစ်ဖို့အတွက်လုံလောက်ပြီလို့ထင်မိပါတယ်။ဒါမဲ့ ဆက်ပြီးလေ့လာသွားဖို့ကျန်တဲ့ Framework တွေ Library တွေကျန်ဦးပါတယ်။ Library ပိုင်းရွေးမယ်ဆိုရင် အဓိကမှတ်ဖို့နှစ်ခုရှိပါတယ် တစ်ခုက ကိုယ့်ရဲ့ Carrer လမ်းကြောင်းက Frontend ဆိုရင် React ကိုရွေးဖို့အားပေးပါတယ် ၊ ဒါမှမဟုတ် Server Side Back-end ဆိုရင် Node ကိုရွေးစေလိုပါတယ်။ Mobile Application တွေစိတ်ဝင်စားရင်လည်း React Native ဆိုတာရှိပါသေးတယ် ၊ Cross Platform ပါ Android ကော IOS ကောရေးလို့ရပါတယ်။ JavaScript မှာကလေ့လာစရာ Library တွေ Framework တွေအများကြီးပါ လေ့လာလို့တောင်မကုန်ပါဘူး ဒါမဲ့ ဟိုယောင် ယောင်မဖြစ်ဖို့လိုပါတယ်၊ ဟိုယောင်ယောင်ဆိုတာက သူများက jQuery ဆို ကိုယ်လည်း jQuery သူများက Three JS ဆို ကိုယ်လည်း Three JS မလုပ်ဖို့ပါ။ Framework တွေ Library တွေဆိုတာက ရေရှည်မှာမတည်တံ့ပါ သူ့ရဲ့ မိခင် language ကပဲရေရှည်တည်တံ့နိုင်မှာပါ။ ဒီလောက်ဆိုပြောလို့ လုံလောက်ပြီမို့ အားလုံး Happy Coding ပါ။
WaiYan MoeMyint
(29 Jan 2022)
Original link
ယနေ့ခေတ်မှာ Javascript ဟာလူကြိုက် အများဆုံးနဲ့ Powerfull အဖြစ်ဆုံး Language ထဲမှာပါလာပါပြီ။ JavaScript ကို Website တွေဖန်တီးတဲ့အခါအသုံးပြုနိုင်သလို၊ Mobile Application, Game နဲ့ Desktop App, Aiပိုင်း တွေ ဖန်တီးတဲ့အခါမှာလည်း အသုံးပြုနိုင်ပါတယ်။
အောက်မှာတော့ Javascript ကိုစတင်လေ့လာဖို့အတွက် Youtube Playlist တွေစုစည်းပေးထားပါတယ်။
𝟏. 𝐁𝐫𝐢𝐠𝐡𝐭𝐞𝐫 𝐌𝐲𝐚𝐧𝐦𝐚𝐫
https://youtube.com/playlist?list=PLYuQaK0xqlLltHROxHIUr6igQprOsUL0E&si=NAFtH1i41_XM_egW
𝟐. 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐂𝐨𝐝𝐞𝐫 𝐌𝐲𝐚𝐧𝐦𝐚𝐫
https://youtube.com/playlist?list=PLwZEMnqb0yhcZurHYAc-yk8dWXUd4y5Gs&si=R47QqW9uvDxB2SG4
𝟑. 𝐌𝐒𝐪𝐮𝐚𝐫𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐢𝐧𝐠
https://youtube.com/playlist?list=PLmQKoPepuLJ_6hyB_UJa50Cj0mX4ERv29&si=F-fExQbnQ-vpZ723
𝟒. 𝐂𝐨𝐝𝐞 𝐋𝐚𝐛
https://youtube.com/playlist?list=PL8WEFTnC9Fks5bzqYwb3e1cu1RDDPC1Vr&si=VEMIelXfwnSrzwo3
𝟓. 𝐂𝐚𝐫𝐞𝐩𝐢𝐟𝐲
https://youtube.com/playlist?list=PLwN71NvXdRAdpN1l9rddPew-5_h_6HIor&si=U4pysXzUilnrSqDj
အားလုံးက မြန်မာလိုသင်ထားတာဖြစ်လို့ Beginners တွေအတွက် အဆင်ပြေမယ်လို့ထင်ပါတယ်။နောက်ထပ် javascript programming နဲ့ပတ်သတ်တဲ့ Channel တွေ Pdf file နဲ့ Resources တွေကို ယခု Postမှာ Update ထပ်ပြီးလုပ်ပေးပါ့မယ်။
📌 Computer Basic,Programming,Networking, Software, Hardware, Languages တို့နဲ့သက်ဆိုင်တဲ့ Free Resources များ၊ Free Book, Youtube Channel များ ကို Facebook Page နဲ့ Website တို့မှာ Sharing လုပ်ပေးသွားမှာဖြစ်တဲ့အတွက် Like & Follow လုပ်ထားဖို့မမေ့နဲ့နော်။
https://www.facebook.com/learnrouter
📌 Learn Router ရဲ့ Website မှာလည်း အကောင့် Register လုပ်ပြီး ကိုယ်လေ့လာချင်တဲ့ Learning Resources တွေဝင်ရောက် ရှာဖွေနိုင်ပါတယ်ခင်ဗျာ။ 👇👇👇
https://learnroutermm.com
#LearningResourcesSharing
#LearnRouter
Original link