How To Start Programming?

“How To Start Programming”

Programming ဆိုတဲ့ဟာကြီးနဲ့ ခုမှစတင်ထိတွေ့မဲ့သူတွေအတွက်ရည်ရွယ်ပါတယ်။ Programming ဆိုတာကိုစလေ့လာတဲ့အခါမှာ ဘယ်လိုတွေလေ့လာသင့်လဲ၊ လေ့လာတဲ့အခါမှာလည်း ကြုံရမဲ့အခက်အခဲတွေ၊ဆောင်ရန်၊ရှောင်ရန် တွေအပြင် ဘယ်လို Resources တွေနဲ့လေ့လာရမယ်ဆိုတာတွေကို Guideline တစ်ခုအနေနဲ့ရေးသားဖော်ပြပေးထားပါတယ်။

အရင်ဆုံး Programming ကိုစလုပ်ဖို့မပြောခင်အရေးကြီးတဲ့ဟာကိုအရင်ပြောပါ့မယ်။
ကိုယ့်ဟာကိုယ်အရင်ဆုံးဝါသနာပါလားဆိုတာကိုပြန်မေးပါ။ Programming ကိုမဟုတ်ဘူး ဘာပဲလုပ်လုပ်ဝါသနာမပါရင်ဘာမှဖြစ်လာမှာမဟုတ်ပါ။ အထူးသဖြင့် Programming ဆိုတဲ့ဟာက တွေးတောစဥ်းစားရတာ Problems တွေကိုလက်တွေ့ဖြေရှင်းတာကြိုက်တဲ့သူတွေအတွက်ပိုပြီးသင့်လျော်ပါတယ်။ Programming ကိုစလုပ်တာနဲ့အရင်ဆုံးကြုံတွေ့ရမှာက Errors ပါ။ တစ်ချို့လေ့လာခါစလူတွေအများဆုံးဖြစ်တတ်ကြတာက Errors နဲ့တွေ့တာနဲ့ဘာဆက်လုပ်လုပ်လို့လုပ်ရမှန်းမသိ အချိန်ကြာလာတဲ့အမျှ Programming ကိုစတင်ငြီးငွေ့လာပြီးနောက်ပိုင်းလုံးဝလက်လျော့လိုက်တယ်။ ဒီနေရာမှာ အကြံပေးလိုတာကဒီလိုမျိုးအခက်အခဲတွေ Errors တွေကို ကိုယ့်ရဲ့ ဒီ Programming ပေါ်မှာ “ဝါသနာပါမှု” ,”စိတ်ရှည်မှု” တို့နဲ့ကျော်ဖြတ်သင့်ပါတယ်။

Programming ဆိုတာဘာလဲမေးရင် Program တွေရေးရတယ် Code ရေးတယ်ပေါ့။ တကယ်လည်း Code တွေရေးရတာပါပဲ။ Code ရေးတဲ့နေရာမှာလည်း ကိုယ်က Websites တွေရေးချင်တာလား ဒါမှမဟုတ် Games တွေ Application တွေရေးချင်တာလားပေါ့။ Programming မှာက ယေဘုယျအားဖြင့်နှစ်ပိုင်းရှိတယ်။ Frontend ပိုင်းနဲ့ Backend ပိုင်းဆိုပြီး နောက်ကျန်တဲ့ Game Development, Android or IOS Developments စသဖြင့်ကိုယ်ကဘာအပိုင်းကိုပိုအားသန်လဲ ဘယ်အပိုင်းကိုဆက်ပြီးလေ့လာသွားမလဲဆိုတာကို Programming ဆိုတာကြီးနဲ့စထိတွေ့တည်းကရွေးချယ်ထားရပါမယ်။

အပေါ်မှာပြောခဲ့သလိုကိုယ်အားသန်ကိုယ်ဝါသနာပါတဲ့အပိုင်းကိုရွေးချယ်ပြီးပြီဆိုရင် Programming ကိိုဒီအောက်က Courses ကနေစရပါမယ်။

နာမည်ကြီး MIT(Massachusetts Institute Of Technology) ကသင်ကြားပေးတဲ့ Programming ကိုခုမှစလုပ်မဲ့သူတွေအတွက်အကောင်းဆုံး Courses တွေပါ။ Java, C/C++, Python, DataScience, Computer Science စတဲ့ Programming နဲ့ဆိုင်တဲ့ဟာတွေအများကြီးရှိပါတယ်။အကုန်အခမဲ့ပါ။ဒီအောက်ကဟာတွေကိုလေ့လာသင်ယူပြီးပြီဆိုရင် Programming ဆိုတာဘာလဲ Code တွေကိုဘယ်လိုရေးရလဲဆိုတာကိုနားလည်သဘောပေါက်လောက်မှာပါ။

(Introduction To Programming)

http://ocw.mit.edu/courses/intro-programming/

နောက်တစ်ဆင့်က Frontend (သို့) Backend ပိုင်းကိုဆက်သွားရပါမယ်။ဒီ Carrers လမ်းကြောင်းနှစ်ခုကိုရွေးချယ်တဲ့အခါအကြံပေးလိုတာက Frontend ကိုသာသွားပါ။ Frontend ပိုင်းကိုရသွားရင်နောက်ပိုင်း Full Stack လောက်ထိကိုသွားလို့ရတာကြောင့်ပါ။အလုပ်အကိုင်နဲ့ပတ်သတ်လာရင်လည်း Frontend ပိုင်းကိုသာဦးစားပေးခေါ်ကြတာများပါတယ်။ Upwork တို့လို Freelancing လုပ်လို့ရတဲ့ Platform တွေမှာ Frontend ပိုင်းကိုကျွမ်းကျင်ထားရင် အလုပ်လုပ်လို့ရပါတယ်။ဒါကြောင့် Carrer လမ်းကြောင်းစရွေးတည်းက Frontend ကိုရွေးချယ်ပါလို့ပြောတာပါ။ဒီလိုပြောလို့ Backend ဟာအသုံးမဝင်ဘူးလို့မပြောပါဘူး။သူ့နေရာသူအသုံးဝင်ပါတယ်။

Frontend မှာအဓိကအားဖြင့်မရှိမဖြစ်သင်ယူတတ်မြောက်ထားရမဲ့ဟာ(၃) ခုရှ်ိပါတယ်။

(1) HTML
(2) CSS
(3) JavaScript

Responsive ဖြစ်တဲ့ Websites တွေရေးသား
တည်ဆောက်တဲ့အခါမှာမရှိမဖြစ်အသုံးပြုရမဲ့အက္ခရာကျတဲ့ (၃)ခုပါ။ Websites တွေရေးသားတဲ့နေရာမှာလည်း ဒီ ၃ခုသိထားရုံနဲ့မလုံလောက်ပါဘူး။ Web နည်းပညာအကြောင်း, HTML5 ,Cascading Style Sheets, HTTP (Client Server) တွေဘယ်လိုတွေအလုပ်လုပ်လဲ။ Web Hosting တွေဘယ်လို
လွှင့်တင်ရမလဲ။ WEB App နည်းပညာတွေ,ကိုယ်ရေးထားတဲ့ Websites တွေလုံခြုံဖို့အတွက်သိထားရမဲ့ Web Security တွေအကြောင်းကိုအလုံးစုံသိရှိထားဖို့လိုပါဦးမယ်။ ဒီဟာတွေကိုအသေးစိတ်သိဖို့အတွက် အရမ်းကောင်းတဲ့စာအုပ်တစ်အုပ်ရှိပါတယ်။ ဆရာအိမောင်ရေးထားတဲ့ Professional Web Developer ဆိုတဲ့စာအုပ်တစ်အုပ်ရှိပါတယ်။အဲ့စာအုပ်က Professional Web Developer တစ်ယောက်အတွက်သိရမဲ့ဟာတွေမှန်သမျှကိုအသေးစိတ်ရေးပေးထားပါတယ်။ အောက်က PDF Link မှာဖတ်ရှုမှတ်သားထားရပါမယ်။

https://eimaung.com/professional-web-developer/

စာအုပ်ဖတ်ပြီးသွားပြီဆိုရင်တော့ FutureLearn ကနေ Guide လုပ်ပြီးသင်ကြားပေးတဲ့ Introduction To Web Devlopment ဆိုတဲ့ Course တစ်ခုရှိပါတယ်။ HTML, CSS, DOM, JavaScript စတဲ့ Web Development ဆိုင်တဲ့နည်းပညာတွေကိုသင်ယူထားရပါမယ်။ Videos အတိုလေးတွေကြည့်ပြီးသင်ယူရတာကြောင့်လေ့လာတဲ့အခါမှာအခက်အခဲမရှိနိုင်ပါဘူး။

https://www.futurelearn.com/courses/introduction-to-web-development

နောက်တစ်ခုက http://www.w3schools.com ဆိုတဲ့ Beginners Level အတွက်သင့်တော်တဲ့ Sites တစ်ခုပါ။ Web Development နဲ့ဆိုင်တဲ့နည်းပညာများကိုဒီ sites မှာဖတ်လို့ရပါတယ်။

Documents တွေဖတ်ရတာသဘောကျရင်တော့ MDN Web Docs ဆိုတာရှိပါတယ်။ Web နဲ့ဆိုင်တဲ့နည်းပညာမှန်သမျှကို အနှစ်ကျကျဖတ်လို့ရပါတယ်။ ဖတ်ရတာ Begineer Level မှာခက်ခဲပေမဲ့
ကိုယ်က Web ပိုင်းကိုလေ့လာနေတယ်ဆိုရင် MDN လောက် WEB နဲ့ပတ်သတ်ပြီး Details ကျကျ Documents တွေဖတ်လို့ရတဲ့ Site မျိုးမရှိပါဘူး။ဒါကြောင့် ဒီ site ကနေဖတ်ဖို့အကြံပြုချင်ပါတယ်။

https://developer.mozilla.org/en-US/docs/Web

(နောက်တစ်ဆင့်ကတော့ Programming အတွက်ဆောင်ရန် ရှောင်ရန်တွေပါ။)

ဆောင်ရန်ကတော့ နည်းပညာဟာနေ့တိုင်းနေ့တိုင်းအသစ်တွေထွက်ပေါ်လျက်ရှိပါတယ်။တိုးတက်နေတဲ့နည်းပညာနောက်ကိုအမှီမလိုက်နိုင်ဘူးဆိုရင်နောက်ကကျန်ခဲ့မယ်ဆိုတာကိုသတိအမြဲထားပါ။ နည်းပညာနဲ့ပတ်သတ်လာရင်အမြဲတမ်း Update ဖြစ်အောင်နေပါ။နေ့တိုင်းနေ့တိုင်းနည်းပညာနဲ့ပတ်သတ်လို့လေ့လာစူးစမ်းနေမှာသာ အောင်မြင်တဲ့ Programmer တစ်ယောက်ဖြစ်လာမှာပါ။

ရှောင်ရန်ကတော့ ဖြတ်လမ်းနည်းအသုံးပြုတာကိုရှောင်ပါ။ဖြတ်လမ်းနည်းဆိုတာက နည်းပညာကိုအဆင့်ကျော်ပြီးတော့မလေ့လာစေချင်တာပါ။သူ့အဆင့်အဆင့်နဲ့တစ်ဆင့်ချင်းစီ စနစ်တကျသွားပါ။တစ်ဆင့်ချင့်ဆီမသွားဘဲ မြန်မြန်ဆန်ဆန်ဖြတ်လမ်းနည်းကိုအသုံးပြုမယ်ဆိုရင် အဆင့်တစ်ခု Level တစ်ခုရောက်လာတဲ့အခါဆက်မသွားနိုင်ဘဲ အစကနေပြန်စရပါလိမ့်မယ်။ ဒါကြောင့်နည်းပညာရယ်မှမဟုတ်ဘူး။ဘာပဲလုပ်လုပ်ဖြတ်လမ်းနည်းကိုမသုံးဖို့ပါပဲ။

အပေါ်ကရေးခဲ့တဲ့ Courses တွေ စာအုပ်တွေ Documents တွေက Programming ကိုစတင်ဖို့အတွက်လမ်းစလေးပေးလိုက်တာပဲဖြစ်ပါတယ် အောင်မြင်တဲ့ Professionals Developer တစ်ယောက်ဖြစ်လာဖို့က ကိုယ့်ဘာကိုဆက်လုပ်သွားရမှာပါ။ နောက်ဆုံးမှာလိုတာက ယနေ့ခောတ်ဟာနည်းပညာ IT ခောတ်ဖြစ်တဲ့အတွက်ကြောင့်နည်းပညာနဲ့ပတ်သတ်တဲ့ ပြည်တွင်းပြည်ပအလုပ်အကိုင်တွေအရမ်းပေါများလှပါတယ်။နောက်ပြီးနည်းပညာရဲ့အားသာချက်က ကိုယ့်ဘက်ကသင်ယူချင်စိတ်သာရှိမယ်ဆိုရင် သင်ယူလေ့လာဖို့အတွက်က Resources တွေအများကြီးရှိပါတယ်။ Programming ဆိုတဲ့အလုပ်ဟာ ဖန်တီးတီထွင်တွေးတောရခြင်း၊စိတ်ဝင်စားဖို့အရမ်းကောင်းတဲ့အလုပ်ပဲဖြစ်ပါတယ်။ဒါကြောင့်အစတည်းက Programming ကိုစတင်လုပ်ထားမယ်ဆိုရင်မှားနိုင်စရာအကြောင်းမရှိပါဘူး။

Credit to Original Writer
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

https://m.facebook.com/story.php?story_fbid=142668668746099&id=100090088983759&mibextid=Nif5oz

Original link

crd=>(https://m.facebook.com/groups/msquareprogramming/permalink/2384565645050740/?mibextid=Nif5oz)

Leave a comment