Code လုံးဝရေးစရာမလိုဘဲ Flutter app တစ်ခု တည်ဆောက်ချင်လား…
အားလုံး မင်္ဂလာပါ။ Drag and drop လုပ်တတ်ရုံနဲ့ mobile app တစ်ခု ရနိုင်တဲ့ အကြောင်းသိချင်လား။👀
drag & drop လုပ်တတ်ရုံနဲ့ flutter app တစ်ခုကို ဖန်တီးပေးနိုင်တဲ့ FlutterFlow နဲ့ မိတ်ဆက်ပေးပါရစေ။😁
အရင်ဆုံး FlutterFlow မှာ လုပ်နိုင်တဲ့ feature လေးတွေနဲ့ စလိုက်ရအောင်။
✅Ready made template
ကိုယ်က app တစ်ခုဆွဲဖို့ idea ရှိတယ်ဆို FlutterFlow ထဲဝင်ပြီး ကိုယ် idea နဲ့ ကိုက်ညီမယ့် template ကို ရှာလိုက်ရုံပဲ။ လက်ရှိ ဒီ feature က beta version ပဲ ရှိသေးလို့ template က အများကြီး မရှိသေးပေမယ့် official ဖြစ်လာရင်တော့ ပိုများလာမယ် ထင်တယ်။
✅Pre-built Pages and Widgets
သူ့မှာ ready made template တွေအပြင် ကိုယ်လိုချင်တဲ့ Page & widget(eg. Dashboard page, Floating Navbar) စတဲ့ page တွေ UI Widget တွေပါ ready ရှိသေးတယ်။ ကိုယ်လို ချင်တာ မရှိရင်တော့ drag & drop နဲ့ ဆွဲပေါ့ :3 ။
✅Authentication
Facebook, Google, Email, Phone စတဲ့ login တွေအကုန်လုံးကို code ရေးစရာမလိုဘဲနဲ့ drag & drop နဲ့ ဖန်တီးနိုင်တယ်။
✅State Management
State management တွေလည်း လုပ်လို့ရတယ်။
✅Deployment
အကြိုက်ဆုံး feature ကတော့ Play store နဲ့ App Store အတွက် deployment ကိုပါ တစ်ခါတည်း လုပ်လို့ရတယ်။ (ဒီ feature ကတော့ Pro version မှ ရမှာဖြစ်တယ်)
ဒါဆို လုပ်နည်းလေး ဆက်ကြရအောင်….
🚩အရင်ဆုံး https://flutterflow.io/ ထဲကို သွားပြီး sign up လုပ်ပါ။
🚩ပြီးသွားရင် side bar မှာ Project, Marketplace(beta), Organisation, Resource ဆိုပြီး တွေ့ရမယ်။ Marketplace မှာတော့ အပေါ်မှာပြောခဲ့တဲ့ Template တွေ Pre-build Widget တွေ ရှိပါမယ်။
🚩Project တစ်ခု စရေးမယ်ဆို Sidebar မှာရှိတဲ့ Project ထဲက Create New ကို နှိပ်လို့ရသလို marketplace ထဲဝင်ပြီးတော့ ready made template နဲ့ စလည်း ရတယ်။ ဒါဆိုရင် နောက်တစ် page ကိုရောက်သွားပြီး ကိုယ်ဖန်တီးချင်တဲ့ app ကို drag & drop သုံးပြီး ရေးဆွဲနိုင်ပါပြီဗျာ။ ပြီးရင် ကိုယ်ဆွဲထားတဲ့ UI ကို flutter code အနေနဲ့ export လည်း ထုတ်လို့ရသေးတယ်။ ကိုယ်က flutter လေ့လာနေတယ်ဆိုရင် ဒီ tool က တော်တော် မိုက်လို့ စမ်းကြည့်စေချင်တယ်။
မှတ်ချက်အနေနဲ့ layout တွေကို drag & drop လုပ်တတ်ဖို့ flutter framework ကို နားလည်ထားဖို့ လိုပါတယ်ဗျ။😉
အသေးစိတ်ကို ဒီ channel ကနေ လေ့လာနိုင်ပါတယ်ဗျာ။
https://www.youtube.com/@FlutterFlow
#flutterflow
#flutter
#NEXT
Original link