CMU

ချင်းမိုင် တက္ကသိုလ်မှာ International programme တချို့ ဒီနှစ် အသစ်ဖွင့်ပါတယ်။ ၀င်ခွင့် အသေးစိပ်ကို အောက်ပါ လင့်မှာ သွားကြည့်နိုင်ပါတယ်။ တကယ်လို့ ကိုယ်နဲ့ တိုက်ရိုက် မကိုက်ညီ ဘူးဆိုရင်လဲ တချို့ အပိုင်းတွေက ညှိလို့ ရနိုင်ပါတယ်။ ဥပမာ ပထမနှစ် ပြီးထားတဲ့ ကလေးတွေဆိုရင် GED တွေ ဘာတွေ မလိုပါဘူး။

မေးခွန်းတွေ ရှိရင် သူတို့ Facebook link မှာလဲ သွားမေးလို့ရပါတယ်။
Facebook: Chiang Mai International Engineering School – CMU

တကယ်လို့ အခက်အခဲ ရှိတယ်ဆိုရင် နားမလည်တာရှိရင် ကိုယ် ကူညီပေးလို့ရတဲ့ အပိုင်းကို ကူညီပေးပါ့မယ်။

အခုအချိန်မှာ ဘယ် အဖွဲ့အစည်းနဲ့ပဲ တွေ့တွေ့.. ဘယ်လို အခမ်းအနားကိုပဲ တတ်တတ် ကိုယ်ပြောဖြစ်တာ တခုက မြန်မာ လူငယ်တွေကို Scholar ပေးဖို့ နဲ့ ကျောင်းလက်ခံပေးဖို့ပါပဲ။

Credit Transfer တော့ ချင်းမိုင် တက္ကသိုလ်မှာ မရသေးပါဘူး။ ရလာဖို့တော့ မျော်လင့်ပါတယ်။

https://cmies.eng.cmu.ac.th/news/admissions-are-open-for-the-academic-year-2023/

Original link =>(https://www.facebook.com/100064912560542/posts/pfbid02cwqnA54fhEvoGnovGcstEAdkctEZfxaaKtHfN85LSjsUHv7sNkcne3EycRyzP6Mpl/?app=fbl)

Group နဲ့ သိပ်မဆိုင်ပေမဲ့ အခုတလော British Council English Test လေးတွေ ဖြေတာအများကြီး တွေ့နေရလို့ ဒါလေးတင်လိုက်ပါတယ်။

British Council English Test ကို Website မှာဖြေကြတဲ့သူတွေအတွက် Grammar မေးခွန်း စုစုပေါင်း ၂၅ ခုဖြေရပါတယ်။ အဲ့ဖြေလိုက်တဲ့ အထဲမှာ ကိုယ်ဖြေလိုက်တာကိုနားမလည်ဘူး (ရမ်းဖြေလိုက်တယ်) ဒါမှမဟုတ် မေးထားတဲ့ Grammar ကိုသေချာသိချင်တယ်ဆိုရင် ဒီ Post အောက်မှာ ကိုယ် ဖြေလိုက်တာ သိပ်မသေချာတဲ့ မေးခွန်း လေး‌တွေ ကို SS ရိုက်ပြီး Comment ထားပေးပါဗျ။ ကျွန်တော် အဆင်ပြေတဲ့ အချိန်ကျရင် အဖြေမှန်နဲ့ ဘာကြောင့် အဲ့လိုဖြေရတာလဲ ဆိုတဲ့ Grammar Pattern လေးတွေ သေချာ ပြောပြပေးပါမယ်။ ဘာဘဲ ဖြစ်ဖြစ် Grammar ပိုပိုင်တာပေါ့ 🧐

ပြန်ဖြေချင်တဲ့လူတွေအတွက် Link 🔗 – https://learnenglish.britishcouncil.org/online-english-level-test?promo_id=olt01&promo_name=online-level-test&promo_creative=sidebar-promo&promo_position=rightsidebar
PS. အကုန်မှန်ရင် 100% Upper intermediate ရပါလိမ့်မယ်။

နည်းနည်းပိုခက်မယ် ပိုပြီးတော့ Serious ဖြစ်တာကို ဖြေချင်တယ် ဆိုရင်တော့ ဒီ Application ကို Play store မှာ‌ Down ပြီးဖြေလို့ရပါတယ်
-https://play.google.com/store/apps/details?id=com.englishscore

Original link =>(https://www.facebook.com/groups/589712041379811/permalink/1573554312995574/?app=fbl)

Leave a comment