7 Hot Github Repository

Twitter မှာ ခုလက်ရှိ နည်းနည်း Hot နေတဲ့ Github Repository (7) ခုကို လိုတိုရှင်းရေးသားဖော်ပြပေးသွားပါမယ်။လေ့လာနေသူများအတွက်လည်း အထောက်အပံဖြစ်နိုင်မည့် Repo များဖြစ်သလို Data တွေလိုက်စုဆောင်းပြီးမှ လေ့လာတတ်သူများအတွက်လည်း စုံလင်စွာဖော်ပြထားပါတယ်။

(1) Free Programming Books

https://github.com/EbookFoundation/free-programming-books

ဒီစာအုပ်တွေကို အရင်က StackOverFlow လိုနေရာမျိူးမှာပဲရရှိနိုင်တာပါ။နောက်ပိုင်း စာအုပ်တွေကို List လုပ်ထားတဲ့ Developer နှစ်ယောက်က Stackoverflow ကနေ Github ကို Move လုပ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီ Repo မှာ Programming စာအုပ်များကို Language အစုံနဲ့ဖတ်နိုင်ပါတယ်။
English,China,Russia,Spain,Burmese အပြင်တခြားသော Language တွေနဲ့ပါ List လုပ်ပေးထားပါတယ်။ ကိုယ်အားသန်ရာ Language နဲ့ဖတ်ရုံပဲ။မြန်မာဘာသာနဲ့ဖတ်မယ်ဆိုရင်တော့ဆရာအိမောင်,Saturngod တို့ရဲ့စာအုပ်တွေပါရှိပါတယ်။Star 188k ရှိတဲ့ Repo တစ်ခုပဲဖြစ်ပါတယ်။

(2) Coding Interview University

https://github.com/jwasham/coding-interview-university

ဒီ Repo ကိုဘယ်သူတွေလေ့လာသင့်လဲဆိုရင် Web Developer,(Self-taught No CS Degree),Software Engineering သမားတွေ လေ့လာထားသင့်ပါတယ်။ဒီဟာက နည်းနည်းရှည်တဲ့အတွက် အတိုချုံးပဲပြောပြပေးပါမယ်။
ဒီ Repo ထဲမှာဘာတွေပါဝင်မလဲဆိုရင်-

1. Daily Plan,Algorithmic Complexity, Perequisite Knowledge,Algorithmic Complexity.

2. Recurison,Dynamic Programmimg,Object Oriented Programming,Design Patterns,Testing,Networking,Coding Question Practice

(Additional Resources အနေနဲ့ကတော့)

3. Additional Books,Information Theory,Entropy,Cryptography,Computer Security,Parallel Programming,Computer Science Courses,Machine Learning,Linear Programming တို့ပဲဖြစ်ကြပါတယ်။ဒါက အတိုချုပ်ရေးပေးထားလို့ ဒီလောက်ပဲရှိတာပါ။
အထဲထဲမှာ အများကြီးကျန်ပါသေးတယ်။

(3) 2021 Developer Roadmap

https://github.com/kamranahmedse/developer-roadmap

ကိုယ်သွားမဲ့လမ်းကြောင်းနဲ့ပတ်သတ်ပြီး ဘာတွေလေ့လာထားရမှန်းမသိရင် အပေါ်က Repo ကိုသေချာဖတ်ထားဖို့လိုပါလိမ့်မယ်။ Web Developmenet,Frontend,Backend,Devops စတဲ့ Roadmap တွေပါဝင်မှာဖြစ်ပါတယ်။

(4) Awesome

https://github.com/sindresorhus/awesome

ဒီဟာက ကျွန်တော့်ရဲ့ Favourite Repo လို့ပြောလို့ရပါတယ်။ Awesome ဆိုတဲ့အတိုင်း မိုက်ချက်ပါပဲ။ ဘာတွေလေ့လာလို့ရမလဲဆိုရင်-

-Programming Languages, Frontend Development, Backend Development,
Computer Science, Big Data, Theory, Books
Gaming,Databases,Security,Hardware, Networking, Miscellaneous, Content Managemenet System.

ဒါကအကျဥ်းချုပ်ရေးပေးထားတာပါ။ဒီထက်ပိုသိချင်တယ်ဆိုရင်တော့ သက်ဆိုင်ရာ Categories အလိုက်လိုက်ဖတ်ဖို့ပဲပြောချင်ပါတယ်။

(5) Public API

https://github.com/public-apis/public-apis

ဒီ API တွေက Software and Web Developmenet တွေမှာအသုံးပြုရတာပဲဖြစ်ပါတယ်။ အစကထည့်မရေးမို့ပါပဲ ဘာလို့ဆို API က Advnance သမားတွေလောက်ပဲ ရေးနိုင်ကြတာမို့ပါ။ဒါပေမဲ့ လိုရမယ်ရ ထည့်ပေးလိုက်ပါတယ်။ ဒီ API ထဲမှာဆိုရင်တော့-

-Antimareware,Books,Cloud Storage& File Sharing,Cryptocurrency,Data Validation,Machine Learning,Open Data, Open Source Projects,Tracking, Url Shorteners,Weather.

API ရေးနေတဲ့သူတွေအတွက်ဆိုရင် အသုံးတော်တော်ဝင်ပါတယ်။

(6) You Dont Know JS Yet(book series)-2nd Edition

https://github.com/getify/You-Dont-Know-JS

JSသမားတွေအတွက် ဆိုရင် ဒီ Repo က ကောင်းကောင်းကြီးကို အသုံးဝင်ပါတယ်။

(7) Free Code Camp

https://github.com/freeCodeCamp

Free Code Camp ကနေ Sponsor လုပ်ပေးထားတဲ့ Repo တစ်ခုဖြစ်ပါတယ်။ Free Code Camp ဆ်ိုတာ ဘာလဲမသိသေးရင် သူက နည်းပညာလေ့လာနေသူတွေ Free လေ့လာလို့ရတဲ့ Courses တွေရှိတဲ့ Platformတစ်ခုပဲဖြစ်ပါတယ်။Coursea,Udemy တို့လိုပါပဲ။ ဒီ Repo ကနေ ဘာတွေလေ့လာသိရှိနိုင်လဲဆိုရင်-

1.Responsive Web Design Certification
2.Javascript Algorithms And DataStructures Certification
3.Frontend Library Certifications
4.Data Visualization Certification
5.API And Microservices Certification
6.Quality Assurance Certification
7.Scientific Computing with Python Certification
8.Data Analysis with Python Certification
9.Information Security Certification
10.Machine Learning with python Certification တို့ပါဝင်မှာပဲဖြစ်ပါတယ်။နောက်ပြီး သက်ဆိုင်ရာ Languageအလိုက် Project များစွာလည်းရှိပါတယ်။ ဒီ Repository ကတော့ Star 325K ရှိပြီး Github ရဲ့ Popular အဖြစ်ဆုံး Repo ပဲဖြစ်ပါတယ်။

(လွတ်လပ်စွာကူးယူနိုင်ပါသည်)
crd=>(https://m.facebook.com/story.php?story_fbid=pfbid02QM7jp28dyboPN8T9cnNw1hCorsJtyqbKQKaN5yYLaEkg4puE3KPzNASk5sb3aKFbl&id=101919591813325&mibextid=Nif5oz)

Leave a comment