Free Mentoring Website

ဘယ် field မဆို ကိုယ်ဖြစ်ချင်တဲ့ဟာကို အကောင်အထည်ဖော်နိုင်ဖို့ ဖြတ်လမ်းတစ်ခုကတော့ mentor ကောင်းတွေနဲ့ တွေ့ဖို့ပါပဲ

ဥပမာ ကိုယ်က Data Analyst ဖြစ်ချင်တယ်၊ ဒါပေမယ့် Data Analyst အလုပ်က ကိုယ်နဲ့ကိုက်မကိုက်မသိဘူး၊ ဘယ်ကနေ ဘယ်လိုစလုပ်ရမလဲလည်း မသိဘူး၊ လက်ရှိ Data Analyst လုပ်နေတဲ့ သူတွေကို မေးချင်တယ်၊ အကြံဥာဏ်တောင်းချင်တယ်၊ ဒါပေမယ့် ဘယ်နားမှာ သွားရှာပြီး မေးရမှန်းမသိဘူး ဆိုတဲ့ အခိုက်အတန့်တွေကြုံကြရပါတယ်.

လွန်ခဲ့တဲ့လတွေက သူငယ်ချင်းတစ်ယောက်နဲ့ career အကြောင်းဆွေးနွေးရင်းနဲ့ သူက ဒီ ADPlist.org ဆိုတဲ့ ဝက်ဆိုက်လေးနဲ့ မိတ်ဆက်ပေးပါတယ်.

https://adplist.org/

သူက အခမဲ့ mentoring website လေးပါ

ကမ္ဘာတစ်ဝှမ်းက mentor ပေါင်း သောင်းရှစ်ထောင် ၁၈,၀၀၀ ကျော်နဲ့ တစ်ဦးချင်း ဆွေးနွေးလို့ရပါတယ်.

Mentor တွေက field မျိုးစုံ၊ နိုင်ငံမျိုးစုံက ရှိပါတယ််. Content Writing, Data Science, Design, Engineering, Marketing, No code/low code, Product, Sale & Business Development, HR စသဖြင့် နယ်ပယ်အစုံက ပါပဲ.

ကိုယ့်ဘက်က English လိုပြောတတ်ဖို့ပဲလိုပါတယ်.

မြန်မာနိုင်ငံက Mentor တွေလည်း ရှိပါတယ်၊ အရေအတွက်တော့ နည်းသေးတယ် ဆိုပေမယ့် နောက်ပိုင်းပိုများလာမယ်ထင်ပါတယ်.

ကိုယ်ကိုယ်တိုင်လည်း အဲဝက်ဆိုက်မှာ mentor လုပ်လို့ရပါတယ်.

အရမ်းလည်း အကျိုးရှိပြီး အသုံးဝင်တဲ့ ဝက်ဆိုက်လေးပါ.

ADPlist ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ Felix Lee နဲ့ James Baduor တို့က စင်္ကာပူမှာ တည်ထောင်ခဲ့ပါတယ်

၂၀၂၁ Covid-19 ကာလအတွင်း အလုပ်လက်မဲ့ဖြစ်သွားတဲ့သူတွေအတွက် mentoring community လုပ်ဖြစ်ရင်းနဲ့ စဖြစ်သွားကြတာပါ။

Felix Lee က အဲတုန်းက အသက် ၂၄ နှစ်ပဲ ရှိပါသေးတယ်.

အဲနောက်ပြီး ဒီ ၂ နှစ်အတွင်းမှာ ADPlist က တော်တော်လေးအောင်မြင်သွားပြီး အခုဆို စာရင်းပေးထားတဲ့ mentor ပေါင်း ၁၈၀၀၀ ကျော်ရှိပြီး တစ်လတစ်လကို session ၄၀၀၀ ကျော် book လုပ်ကြတဲ့အထိဖြစ်လာပါတယ်။ funding တွေလည်းရရှိခဲ့ပါတယ်။

Felix Lee လည်း 30 Under 30 – Asia – Consumer Technology (2023) မှာ ရွေးချယ်ခံရပါတယ်။

အလုပ်အကိုင် နဲ့ပတ်သက်ပြီး လမ်းပျောက်နေတယ်၊ မေးချင်တာတွေရှိတယ်၊ mentor တွေဆီက သင်ယူချင်တယ်ဆိုရင် ဒီဝက်ဆိုက်လေးက အရမ်းအကျိုးရှိမှာမို့လို့ sharing လုပ်ပေးလိုက်ပါတယ်.

🌻

Original link

crd=>(https://www.facebook.com/100092003742397/posts/pfbid02mKiaFjsz1djYyByYCNNyhJgbLUG984WQ3x61QUtcxNQLfE1m61NcbMHNozhGD3mml/?app=fbl)

Leave a comment